Saturday, December 11, 2010

“ မိခင်တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ...”



ဒုတိယကမ္ဘာစစ်အတွင်းက ရုရှားတောင်ပိုင်းဒေသမှာ

ခရီးသွားတစ်ဦးဟာ အိမ်ငယ်လေးတစ်လုံးတွင် နေထိုင်တဲ့

အလွန်ရိုးသားတဲ့ အဖွားအိုတစ်ဦးကို တွေ့ခဲ့ရပါတယ်။

ရှင် မော်စကို ဆီကို ခရီးသွားခွင့်ပါသလား

လို့ အဖွားအိုကြီးက မေးပါတယ်။

ခရီးသွား အမျိုးသမီးက သွားခွင့်ကြုံမယ့်အကြောင်း ပြောပါတယ်။

အဲဒီလိုဆိုရင် အိမ်ဖြစ်တော်ဖီတစ်ထုပ်လောက်

အဖွားရဲ့ သားအတွက် လက်ဆောင်ပေးလိုက်ရင် ယူသွားပေးနိုင်ပါသလား

လို့ အဖွားအိုကြီးကမေးပါတယ်။

သူမော်စကိုမှာဆိုရင် အဲ့ဒီတော်ဖီမျိုး မရနိုင်ဘူး

လို့ အဖွားအိုက ဆက်ပြောပါတယ်။

အဖွားအိုကြီးရဲ့သားမှာ ဂျိုးဇက်စတာလင် ဖြစ်ပါတယ်။

ရုရှားနိုင်ငံကြီး တစ်ခုလုံးကို အုပ်စိုးခဲ့တဲ့

အာဏာရှင်ကြီးဖြစ်ခဲ့သူ ဂျိုးဇင်စတာလင်ကို

တော်ဖီကြိုက်သူတစ်ဦးဖြစ်မယ်

လို့ ဘယ်သူမှ စဉ်းစားမိခဲ့မှာမဟုတ်ပါ။

ဒါပေမယ့် မိခင်ဖြစ်တဲ့ အဖွားအိုကြီးအတွက်မူ

အရှိန်သြဇာကြီးမားခြင်း၊

အာဏာရှင်ဆိုတဲ့ အထိမ်းအမှတ်တံဆိပ်တွေဟာ

ထည့်သွင်းစဉ်းစားစရာတော့ မဟုတ်ပါ။


မိခင်ဆိုတာဟာ သားကို ရိုးသားစွာချစ်နေတဲ့

မိခင်စိတ်နဲ့သာ စဉ်းစားပါလိမ့်မယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com