Saturday, December 11, 2010

“ အရိပ်အောက်မှာ အရိပ်ပျောက်ပါတယ်…”

တစ်ခါတုန်းက

မိမိအရိပ်ကို ပျောက်လိုတဲ့ ဆန္ဒပြင်းပြတဲ့

လူတစ်ယောက်ရှိပါတယ်။

သူ ဘာလုပ်လုပ်၊

ဘယ်လိုပင် ကြိုးစားသော်လည်း

သူ့ရဲ့အရိပ်ကို ဖျောက်လို့မရနိုင်ပါ။

သူဟာ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ကြည့်ပါတယ်။

ရေထဲကို ဒိုင်ဗင်ထိုးဆင်းကြည့်ပါတယ်။

ဒါပေမယ့် သူ့အရိပ်ကို ဖျောက်လို့မရပါ။

သူ့ရဲ့အရိပ်ဟာ သူ့ဘေးမှာ ရှိမြဲရှိနေပါတယ်။


ပညာရှိတစ်ဦးက အဲဒီလူရဲ့ ပြဿနာကို ကြားပြီး

ဒါ သိပ်လွယ်တဲ့ကိစ္စပါ၊

ကမ္ဘာပေါ်မှာ အလွယ်ဆုံးပါကွာ

လို့ မှတ်ချက် ချပါတယ်။

ဟုတ်လား၊

ဘယ်လိုများ လုပ်ရပါသလဲ

လို့ အနီးအနားတွင်ရှိသူက

ပညာရှိကြီးအား မေးလိုက်ပါတယ်။


သြော် ဒါလား၊

အဲဒီလူ သူ့အရိပ် ပျောက်ဖို့အတွက် လုပ်ရမှာက

အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ

ဝင်ရပ်ဖို့သာလိုပါတယ်

လို့ ပြောလိုက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com