ကိုယ့်ကိုယ်ကိုမြင်ပုံနဲ့
  လောကကြီးကို မြင်ပုံဟာ  သဘာဝကျဖို့၊
  မှန်ဖို့ အရေးကြီးတယ်။
  အဆိုးတွေပင်ရှိသော်လည်း အကောင်းတွေလည်း 
  ရှိတယ်ဆိုတာကိုမမေ့ဖို့လိုတယ်။
  ++++++++++++++++++++++++++++++++++++
  Music can change people.
  ( Beethoven )
  ဂီတဟာ လူတွေကို ပြောင်းလဲစေနိုင်တယ်။
  ++++++++++++++++++++++++++++++++++++
  အလှအပကို သိမ်သိမ်မွေ့မွေ့ခံစားတတ်လာရင် 
  ဘဝဟာပိုပြီးအဓိပ္ပာယ်ရှိတယ်လို့ 
  ခံစားရလိမ့်မယ်။
  ++++++++++++++++++++++++++++++++++++
  လှပတဲ့အရာဟာ စိတ်ကို ချမ်းသာစေတယ်။
  သန့်ရှင်းတဲ့အရာဟာ စိတ်ကို ချမ်းသာစေတယ်။
  ++++++++++++++++++++++++++++++++++++
  သတိဆိုတာ အလှတရားတစ်မျိုး၊
  ဒီအလှအပရဲ့ healing power ဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်
  တင်မကဘူး၊ စိတ်ထဲထိအောင် နက်နက်ရှိုင်းရှိုင်း
  ရောက်သွားတယ်။
  တရားအားထုတ်တာဟာလည်း 
  ကျန်းမာရေးကို ပိုကောင်းစေနိုင်တဲ့စွမ်းရည်သတ္တိ
  ( healing power ) သိပ်ကြီးတယ်။
  စိတ်ကိုငြိမ်သက်စေတယ်။
  စိတ်ကိုသန့်ရှင်းစေတယ်။
  ++++++++++++++++++++++++++++++++++++
    စိတ်ဟာ ပစ္စုပ္ပန်မှာ နေမှသာ
  စိတ်ရဲ့တည်ငြိမ်အေးချမ်းမှု၊
  မြင့်မြတ်မှု၊
  အဆင့်အတန်းမြင့်မားမှု၊
  အရည်အသွေးတိုးတက်မှု ဖြစ်နိုင်တယ်။
  ++++++++++++++++++++++++++++++++++++
  အမှန်ကိုသိတဲ့ဉာဏ် မှာ အင်မတန်ကြီးမားတဲ့ 
  ( Healing  power )ရှိတယ်။
  အဲဒီအချိန်မှာ စိတ်က သိပ်လှနေတယ်။
  သတိက အလှတရားတစ်မျိုးဖြစ်ပါတယ်။
  သတိဟာ စိတ်ကို အလှဆင်ပေးတယ်။
  သတိဆိုတဲ့လမ်းကနေသွားရင် 
  အမှန်တရားနဲ့ လွတ်လပ်မှုဆီကို
  ရောက်မယ်။
  ++++++++++++++++++++++++++++++++++++
  သတိနဲ့နေတာ
  ဘဝကို လှလှပပနေနည်းပဲ။
  ++++++++++++++++++++++++++++++++++++
  ငါ လူဖြစ်နေတာ
  လောကကို လှပတာတွေ
  ပေးဖို့ပါ။
  လှပတာတွေကို ပေးနိုင်ဖို့ ပထမဦးဆုံးလိုအပ်ချက်က
  စိတ်ထားလှပဖို့ဖြစ်ပါတယ်။
  ++++++++++++++++++++++++++++++++++++
  May you world always be as beautiful as 
  you make it for others.
  သူတစ်ပါးအတွက် လောကကို လှပအောင်
  လုပ်ပေးနိုင်သလောက် သင့်လောကလည်း
  အစဉ်အမြဲလှပပါစေ။
  ++++++++++++++++++++++++++++++++++++
  အလှတရားကို ရှာဖွေတာဟာ ကိုယ့်ဘဝမှာ 
  အင်မတန်ကြီးမားတဲ့တာဝန်တစ်ခု
  ဖြစ်လာပါတယ်။
  ++++++++++++++++++++++++++++++++++++
  စိတ်ထားကောင်းဖို့ပထမ၊
  ++++++++++++++++++++++++++++++++++++
  ကိုယ့်အိမ်လေးကို သန့်ရှင်းနေအောင် လုပ်ပါ။
  ကိုယ့်အိမ်ဝန်းကို သန့်ရှင်းအောင်လုပ်ပါ။
  အဲဒါဟာ ကိုယ့်စိတ်ကျန်းမာဖို့၊
  ကိုယ်ခန္ဓာကို ကျန်းမာဖို့၊
  ကိုယ့်ရဲ့အသိဉာဏ်နဲ့ စိတ်ထားမြင့်မားရေး
  အတွက်ပါ လိုအပ်ပါတယ်။
  ဆိုတာကို နားလည်ဖို့လိုပါတယ်။
  ++++++++++++++++++++++++++++++++++++
  အဆင့်အတန်းမြင့်လာရင်
  ရေနဲ့ဆပ်ပြာကို ပိုသုံးလာတယ်။
  (သုတေသန)
  ++++++++++++++++++++++++++++++++++++
  လူတွေကို ချစ်တတ်တာဟာ အဆင့်မြင့်တဲ့ အနုပညာ.။
  ++++++++++++++++++++++++++++++++++++
  The more I think, the more I feel that there is nothing 
  More truly artistic than to love people.
   ( Van Gogh )
  လူတွေကို ချစ်တာထက် ပိုပြီး အနုပညာ ပီသတာ
  မရှိတော့ဘူးဆိုတာကို ကြာကြာတွေးလေလေ
  ပိုပြီးခံစားမိလေလေပါပဲ။
  ++++++++++++++++++++++++++++++++++++
  စိတ်လှအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ 
  မလှတဲ့ စိတ်တွေဖြစ်တဲ့အခါမှာ
  မလှဘူးလို့သိဖို့လိုပါတယ်။
   
  ++++++++++++++++++++++++++++++++++++
  ဘုရားဟောတာ
  လောဘဖြစ်နေတဲ့အခါမှာ
  လောဘဖြစ်နေတယ်လို့ သိလိုက်ပါ။
  မလှတဲ့လောဘစိတ်ဖြစ်နေတဲ့အခါမှာ
  မလှတဲ့လောဘစိတ် ဖြစ်နေတယ်လို့ သိပါ။
  ပူလောင်တယ်။
  မအေးချမ်းဘူး၊ မသန့်ရှင်းဘူး၊
  မသန့်ရှင်းတဲ့စိတ်တွေ ဖြစ်နေတယ်။
  ညစ်ပတ်တဲ့စိတ်တွေ ဖြစ်နေတယ်။
  သိလိုက်ပါ။ 
  သိနေတာက စရတယ်။
  ++++++++++++++++++++++++++++++
(ဆရာတော်ဦးဇောတိက)