Tuesday, August 23, 2011

“ ငါ လိုချင်တာရဖို့ တန်ရာတန်ကြေးကိုပေးမယ် …"


အတွင်းစိတ်ဓာတ်အင်အား…”


ကိုယ့်အင်အားဟာ ကိုယ့်အတွင်းကနေထွက်လာပြီဆိုရင်

အဲဒီအင်အားဟာ တမျှင်းမျှင်းနဲ့ထွက်နေအုံးမယ်။

ခမ်းမသွားဘူး။

+++++++++++++++++++++++++++++++

ကုသိုလ်ထဲမှာ သမ္မာဒိဋ္ဌိက အားအကြီးဆုံးပဲ။

မှန်ကန်တဲ့အမြင်ဟာ စိတ်ရဲ့အဆင့်အတန်းကို

ပိုပြီးမြင့်စေတယ်။

စိတ်ဓာတ်အင်အားကို ပိုပြီးကြီးစေတယ်။

ဒါကြောင့် မှန်ကန်တဲ့အမြင်ရှိတဲ့သူဟာ

အင်အားကြီးတဲ့သူလို့ ဆိုရမယ်။

တရားအားထုတ်တာဟာ

မှန်ကန်တဲ့အမြင်ကို ရဖို့အားထုတ်တာပါ။

တရားအားထုတ်လို့ ဖြစ်လာတဲ့အသိဉာဏ်က ပိုပြီးတော့

စိတ်ဓာတ်ရဲ့စွမ်းအားကို ကြီးအောင် လုပ်ပေးနိုင်တယ်။

+++++++++++++++++++++++++++++++

ကိုယ့်အားကိုယ့်ကိုးနိုင်တဲ့သူမှ သာ

လူ့အသိုင်းအဝိုင်းကို တကယ် အကျိုးပြုနိုင်တယ်။

+++++++++++++++++++++++++++++++

အတွင်းလောက…”


ပစ္စည်းဥစ္စာတို့၊

ရာထူးတို့ဆိုတာ

အပြင်လောက ဖြစ်တယ်။

စိတ်အေးချမ်းမှု၊

အသိဉာဏ်ဆိုတာ

အတွင်းလောက ဖြစ်တယ်။

အပြင်လောကဆိုတာ သူများနဲ့ဆိုင်တယ်။

ကိုယ့်တစ်ဦးထဲ ပိုင်မဟုတ်ဘူး။

အချိန်မရွေးသူများလက်ထဲ ရောက်သွားနိုင်တယ်။

အသိဉာဏ် နှင့် စိတ်အေးချမ်းမှုဟာ အများပိုင်မဟုတ်ဘူး။

ဘယ်သူမှ ယူသွားလို့မရဘူး။

ဒါကြောင့် ကိုယ့်ရဲ့ အတွင်းလောကပြည့်စုံဖို့ကို

အလေးထားရမယ်။

+++++++++++++++++++++++++++++++

တရားမျှတမှု…”


တရားမျှတမှုဆိုတာ လူတိုင်းရထိုက်တဲ့အရာ ဖြစ်တယ်။

+++++++++++++++++++++++++++++++

ကိုယ့်ကိုယ်ကို ကိုယ်တကယ်လေးစားတဲ့သူ၊

တန်ဖိုးထားတဲသူ၊

ယုံကြည်တဲ့သူတွေဟာ

ဘာကိုမှ အလကားမလိုချင်ဘူး။

တန်ရာတန်ကြေးပေးပြီးမှ လိုချင်တယ်။

+++++++++++++++++++++++++++++++

ငါ လိုချင်တာရဖို့ တန်ရာတန်ကြေးကိုပေးမယ်

ဆိုတဲ့စိတ်ကို

ပီပီပြင်ပြင်၊ ပြတ်ပြတ်သားသားဆုံးဖြတ်ပါ။

အဲဒီလို ဆုံးဖြတ်လိုက်တာနဲ့စိတ်မှာ

သတ္တိတစ်မျိုး ဖြစ်လာမယ်။

စွမ်းအားတစ်မျိုး ဖြစ်လာမယ်။

+++++++++++++++++++++++++++++++

ကိုယ့်ဂုဏ်သိက္ခာကို ဘယ်တော့မှ ရောင်းမစားပါဘူး

လို့ဆုံးဖြတ်လိုက်ပါ။

အဲဒီလို ဆုံးဖြတ်လိုက်ရင် အဲဒီစိတ်ဓာတ်က

ကိုယ်လိုချင်တာရအောင်ကောင်းတဲ့နည်းကို

ပေးပါလိမ့်မယ်။

+++++++++++++++++++++++++++++++

ကိုယ်လိုချင်တာရအောင် ကိုယ့်ကိုလုပ်ပေးနိုင်တာ

ကိုယ့်စိတ်ဓာတ်နဲ့ကိုယ့်အရည်အချင်ပါပဲ။

ဒီစိတ်ဓာတ်ဟာ လွတ်လပ်တဲ့သူရဲ့စိတ်ဓာတ်ပဲ။

+++++++++++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com