Showing posts with label စိတ်နှလုံးရွှင်ပြုံးစေဖို့. Show all posts
Showing posts with label စိတ်နှလုံးရွှင်ပြုံးစေဖို့. Show all posts

Tuesday, January 15, 2013

“ ရေရောနို့…”





တစ်ခါတုန်းက နွားမွေးထားတဲ့မိတ်ဆွေ တစ်ယောက်နဲ့တွေ့တော့
သိချင်တာနဲ့ မေးကြည့်မိတယ်။
ခင်ဗျား မွေးထားတဲ့ နွားမဆီက 
တစ်နေ့ကို နို့ဘယ်လောက်ရသလဲ
ဆယ်လီတာပါ
ရောင်းတော့ကော…”
ရောင်းတော့လည်း ဆယ်လီတာပဲ ရောင်းတယ်။
ဒီထက် ပိုမရောင်းနိုင်ဘူးဗျ
အိမ်က ကလေးတွေ သောက်ဖို့ - လီတာလောက်ချန်ထားရသေးတယ်လေ။

Sunday, December 30, 2012

“ ကျေးဇူးကမ္ဘာ…”




တစ်ခါတုန်းကလေ၊
သူတောင်းစားတစ်ယောက်က
အခြားတစ်ယောက်ကိုပြောတယ်။

သိလား၊ မနေ့က ငွေသိန်းတစ်ရာပါတဲ့
အတက်ချီကေ့စ်တစ်လုံးကို
ဘတ်စ်ကားမှတ်တိုင်မှာ ငါကောက်ရတယ်

ဟေ ဟုတ်လား။
ဟန်ကျတာပေါ့။ 
 အဲဒီတော့ မင်းဘာလုပ်သလဲ

အတက်ချီကေ့စ်ထဲမှာ ပိုင်ရှင်ရဲ့လိပ်စာ ကတ်ပြားပါလာတယ်။
ဒါနဲ့ ကျေးဇူးတင်စာနဲ့အတူ ငွေ ငါးထောင်ကျပ်ကို
ငါစာတိုက်ကနေ ပြန်ပို့ပေးလိုက်တယ်

Saturday, December 29, 2012

"ဘယ်သူက ပိုချစ်သလဲ?..."





သားငယ်က
“မေမေက သားကို ချစ်တာထက်တောင်
သားက မေမေကို ပိုချစ်တယ် သိလား”
မေမေက
“ဟုတ်ပါပြီ။
ဒီစကားကို သားက ဘယ်လိုသက်သေပြမလဲ ပြောစမ်းပါဦး”
သားငယ်က
 “ဘာကြောင့်ဆိုတော့ မေမေ့မှာ သားလေးယောက်တောင်ရှိတယ်။
သားမှာ မေမေ တစ်ယောက်ထဲ ရှိတယ်လေ”


Thursday, November 15, 2012

“ ကြယ်သီးတဲ့တော် မပြောချင်လိုက်ဘူး…”




ကိုဘသောင်းနဲ့မအေးမှုံတို့ဟာ ကျနော့်ရဲ့အိမ်နီးချင်းများဖြစ်ကြတယ်။
ကိုဘသောင်းက ကုန်တင်ကုန်ချမှာ အလုပ်ကြမ်းသမားဖြစ်တယ်။
ညနေ အလုပ်မှပြန်လာရင် အလုပ်ပင်ပန်းတယ်ဆိုပြီး အရက်သောက်လာလေ့ရှိတယ်။
သူရှာတာနဲ့သူသုံးတာ လုံးလည်လိုက်နေတယ်။
အိမ်စရိတ်အတွက် မိန်းမဖြစ်သူ မအေးမှုံက ပဲပြုတ်ရောင်းရတယ်။
နံနက်စောစော ချမ်းချမ်းစီးစီးမှာ ရောင်းရတာမို့
အနွေးထည် ဝတ်ပြီး ဈေးရောင်းသွားတယ်။
အဲဒီအနွေးထည်တစ်ထည်ကိုပဲ အမြဲတမ်းဝတ်ဆင်နေတာကြောင့်
မဒါဝတ်လို့ ခင်မင်သူတွေက ခေါ်ကြတယ်။
တစ်နေ့တော့ ကိုဘသောင်းကို အနွေးထည်အသစ်ဝယ်ဖို့
ဘာလိုပြောရမှန်းမသိ။
သိသလို ပြောချလိုက်တယ်။
ကိုဘသောင်း
ဒီဆွယ်တာအဟောင်း ဝတ်ပြီး
လမ်းထွက်ရတာ ကျမ ရှက်လှပြီတော့
အေးပါကွာ၊
မနက်ဖန်ကျရင် ငါ အသစ်ဝယ်ပေးပါ့မယ်
                                 မအေးမှုံက ဝမ်းသာအားရ ပြန်မေးလိုက်ပါတယ်။
ဆွယ်တာလား
ကိုဘသောင်း ပြန်ပြောလိုက်တာက…
ဟင့်အင်း၊
ကြယ်သီး


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com