Thursday, May 13, 2010

“ အတိုဆုံး တရားတစ်ပုဒ်”



တစ်ခါတုန်းက ရွှေဥမင်တောရ တရားစခန်း ဖွင့်နေချိန်မှာ ရိပ်သာအနီးက
အိမ်တစ်အိမ်ဟာ အသံချဲ့စက်ကို ရိပ်သာဘက်လှည့်ပြီးအကျယ်ကြီးဖွင့်ထားတယ်။
အဲဒီရိပ်သာတာဝန်ခံများကလည်း အလွန်ဒေါသထွက်နေကြပါတယ်။
ညနေဖက် ဆရာတော်လမ်းလျှောက်ရာကို ကပ္ပိယ ဦးခင်မောင်ကအဖော်လိုက်ရတယ်။
ရိပ်သာအပြင်ဘက် လမ်းပေါ်ရောက်တာနဲ့ အသံချဲ့စက်က သီချင်းသံ ပိုကျယ်လာတယ်။
ဒါကြောင့် ဦးခင်မောင်က ဆရာတော်ကို လျှောက်လိုက်မိတယ်။


“ဆရာတော် ဒီအိမ်ကလူတွေဟာ မသိတတ်ဘူးဘုရား၊
တရားစခန်းရှိမှန်းသိရက်နဲ့ အသံချဲ့စက်ကို အကျယ်ကြီးဖွင့်ထားတယ်၊
တပည့်တော် ရပ်ကွက်လူကြီးတွေခေါ်ပြီးသွားပိတ်ခိုင်းလိုက်မယ်ဘုရား”


“ဒကာကြီး
အသံအာရုံကို ပယ်ရမှာလား?၊

ကိလေသာကိုပယ်ရမှာလား?”

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com