လင်းနေ
(၁၇၀၇-၁၇၇၈)=၇၁ နှစ်
                   ဒီကနေ့ ရုက္ခဗေဒပညာရပ်မှာ အပင်အစားစားကို မျိုးပေါင်း၊ မျိုးစဉ်၊ 
မျိုးရင်း၊ မျိုးစိတ် ရယ်လို့
လက်တင်အမည်တွေ မှည့်ခေါ်ထားတာကို တွေ့ရလိမ့်မယ်
အဲဒီလို အမျိုးအမည် ခွဲခြားပုံစနစ်ကို စတင်တီတွင်ခဲ့သူ ကတော့ 
ရုက္ခဗေဒဖခင်ကြီးလို့ ခေါ်ဆိုထိုက်တဲ့
‘ ကာဖွန်လင်းနေ ‘ ဆိုသော ပုဂ္ဂိုလ်ကြီးပါပဲ။
                    လင်းနေ တီတွင်ခဲ့တဲ့ မူလစနစ်ဟာ အခုထက်တိုင် မူမပျက် 
ဆက်လက်တည်မြဲနေတဲ့အပြင်
အပင်များမှာသာမက တိရိ စ္ဆာန်များမှာပါ လင်းနေရဲ့ မူအတိုင်း လက်တင်အမည် 
မှည့်ခေါ်မျိုးခွဲတဲ့ စနစ်ကို
သူဟာ ၁၇၀၇ ခုနှစ် မေလ (၂) ရက်မှာ ဆွီဒင်နိုင်ငံ ရီးရှားရွာကလေးမှာ
သစ်ပင်ပန်းပင်တွေကို စိတ်ဝင်စားတဲ့ ဗီဇပါလာသူ ဖြစ်တာမို့ ကလေးအရွယ်ကပဲ 
သူ့ဖခင်ပိုင် ဥယျာဉ်အတွင်းနဲ့ အနီးအနားရှိ အပင်အမျိုးမျိုးတို့ရဲ့ အမည်တွေကို
သိပြီး ဖြစ်နေလေတော့တယ်။
ဖခင်ကသားကို သာသနာပြုပုဂ္ဂိုလ် ဖြစ်စေလိုလို့ စည်းကမ်းကြီးတဲ့ လက်တင်ဘာသာသင်ကျောင်းမှာ 
အပ်နှံခဲ့ပေမဲ့ ကျောင်းအားချိန်အတွင်း သူစိတ်ဝင်စားတဲ့ ပန်းများကို ရှာဖွေရင်း 
တောထဲမှာ အချိန်ကုန်ခဲ့ရာက
ဖိနပ်ချုပ်ပညာကို သင်ကြားရပြန်တယ်။ 
ဒါပေမဲ့ သူ့ဝါသနာကို မစွန့်လွှတ်နိုင်ခဲ့ဘူး။
                   ဒီလိုနဲ့ ဆရာဝန်တစ်ဦးရဲ့ အကူအညီကြောင့် အပ်ပလာဆာတက္ကသိုလ်မှာ
ဥယျာဉ်မှူး ဖြစ်လာခဲ့တယ်။ 
အသက် (၂၄) နှစ်အရွယ်မှာ အပင်အမျိုးအစားခွဲပုံ အစီအစဉ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့ရာက 
အဲဒီတက္ကသိုလ်မှာ ရုက္ခဗေဒဘက်မှာတော့ စတော့ဟုမ်းသိပ္ပံပညာ 
တံခွန်အသင်းရဲ့ စေလွှတ်ချက်နဲ့ 
အပင်များ စုဆောင်းလေ့လာဖို့ သွားရောက်ခဲ့တယ်။ 
မိုင်ပေါင်း
သူရဲ့စိတ်အားထက်သန် ဇွဲကြီးပုံကို သိနိုင်တယ်။
သူဟာ ဟော်လန်နိုင်ငံမှာ ဆေးပညာသင်ယူပြီး ဆရာဝန်ဘွဲ့ရခဲ့ပြန်တယ်။
                   လင်းနေရဲ့ ဘ၀တစ်လျှောက် ဥယျာဉ်သစ်ပင်များနဲ့သာ အချိန်ကုန်ခဲ့တယ်။ 
သူထုတ်ဝေခဲ့တဲ့
လင်းနေဟာ ကမ္ဘာကျော်လာခဲ့တော့တယ်။ 
သူအသက်ရှင်စဉ် ရုက္ခဗေဒနဲ့ တွဲဖက်တဲ့ ဆေးပညာပါရဂူ နန်းတွင်းသမားတော် ဖြစ်ခဲ့တယ်။ 
                                                    လေးစား အတုယူထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦး ပါပဲ………။   ။

 
 

No comments:
Post a Comment