Sunday, October 24, 2010

“ မိဘကို ဂရုစိုက်ပါ…”



ဂျာမန်လူမျိုး တေးရေးဆရာဘရမ်ဟာ

ရိုးသားတဲ့ မိသားစုမှ ဆင်းသက်လာသူတစ်ဦးဖြစ်တယ်။

အသက်အရွယ်အိုမင်း ရင့်ရော်လာပြီဖြစ်တဲ့ မိဘနှစ်ပါးကို

ထောက်ပံ့နိုင်ဖို့အတွက် အမြဲစိတ်စောနေသူဖြစ်ပါတယ်။


တေးဂီတလောကတွင် အောင်မြင်ကျော်ကြားလာပြီ

သူရဲ့အမည်ထင်ရှားလာတာနဲ့ အမျှ

သူ့မိဘများအတွက် ထောက်ပံ့မှုများကို ပြုလုပ်ခဲ့ပါတယ်။


သူရဲ့ဖခင်လက်ဖွာသူတစ်ဦးဖြစ်တာကို

သူကောင်းစွာသိထားပါတယ်။

ဘာမဟုတ်တဲ့ကိစ္စများတွင်

ငွေကို လွယ်လွယ်သုံးတတ်တဲ့အကျင့်ရှိပါတယ်။

အဲဒီအကျင့်ကြောင့်

တစ်နေ့တွင်

မိသားစုစီးပွားရေးအကျပ်အတည်းတွေ့လာလိမ့်မယ်လို့

သူကမြင်ထားပါတယ်။


အဲဒါကြောင့်

သူအိမ်ကနေ မထွက်ခွာခင်

သူ့ဖခင်ကို သေသေချာချာမှာထားပါတယ်။


ဒက်ဒီ၊

အခြေအနေတွေ သိပ်ဆိုးလာရင်

ဂီတဘက်ကိုသာ အာရုံစိုက်ပါ။


ပြီးတော့

သားရေးတဲ့

ဆောင်းလ်အမည်ရှိတဲ့ တေးသီချင်းကို ယူဖွင့်ပါ။

သေသေချာချာလည်းဖတ်ကြည့်ပါ။

ဖေဖေလိုတာ တွေ့ပါလိမ့်မယ်။


လို့ မှာခဲ့ပါတယ်။


သားရဲ့စကားဟာ

သူ့အဖေအတွက် ပဟေဋ္ဌိ ဆန်နေပါတယ်။

ဒါပေမယ့်

အခက်အခဲကြုံတဲ့အခါ

သူ့သားစကားကို သတိရပါတယ်။

သူ့သားရေးတဲ့

ဆောင်းလ်အမည်ရှိတဲ့ တေးသီချင်းစာအိတ်ကို

ယူပြီး ဖောက်ကြည့်ပါတယ်။

အတွင်းဘက်၊ တေးသီချင်းစာရွက်ကြားမှာ

ဘဏ်စာအုပ်ထဲတွင်

ချက်လက်မှတ်များကို တွေ့လိုက်ရပါတော့တယ်။

ဒီတော့မှ

သားရဲ့စကားကို သဘောပေါက်ပါတော့တယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com