Monday, October 25, 2010

“ အတွေးကိုယ်စီ…”



အတန်းတစ်တန်းမှာ ဆရာက ကျောင်းသားများကို

စာစီစာကုံးတစ်ပုဒ်ရေးခိုင်းပါတယ်။

ခေါင်းစဉ်က


သိန်းတစ်ထောင်ရှိခဲ့ရင် ဘာလုပ်မလဲ…”


ဆိုတာပါပဲ။

တက်တိုးဆိုတဲ့ ကျောင်းသားကလွဲပြီး ကျောင်းသားကျောင်းသူအားလုံးဟာ

သူတို့စိတ်ကူးတွေကို ချက်ချင်းရေးချကြပါတယ်။

တက်တိုးကတော့ သူနေရာမှာထိုင်ပြီး ဟိုကြည့်၊ဒီကြည့်လုပ်နေပါတယ်။

ငေးငိုင်ပြီးထိုင်နေပါတယ်။

အချိန်ပြည့်သွားတဲ့အခါ ဆရာက

ကျောင်းသူ၊ကျောင်သားတွေကရေးသားထားတဲ့ စာစီစာကုံးစာရွက်တွေကို လိုက်လံသိမ်းပါတယ်။

တက်တိုးက ဘာမှ မရေးထားတဲ့စာရွက်အလွတ်ကို

အခြားကျောင်းသားတွေရဲ့ စာစီစာကုံးစာရွက်တွေနဲ့အတူ ပေးလိုက်ပါတယ်။

ဒါက ဘာအဓိပ္ပာယ်လဲ

လို့ ဆရာက တက်တိုးကို မေးပါတယ်။

ဒါက မင်းရေးထားတဲ့ စာစီစာကုံးလား၊

အခြားကျောင်းသူ ကျောင်းသားတွေက စာမျက်နှာ နှစ်မျက်နှာ၊ သုံးမျက်နှာစီရေးထားကြတယ်။

မင်းကတော့ စာတစ်လုံးတောင် ရေးမထားတာ ဘာအဓိပ္ပာယ်လဲ

လို့ ဆရာက ဆက်မေးပါတယ်။


ဟုတ်ပါတယ် ဆရာ၊

ကျနော့်မှာသာ အဲဒီလောက်များတဲ့ငွေတွေ ရှိမယ်ဆိုရင်

ကျနော် တကယ်လုပ်မယ့် အလုပ်ကတော့ အဲဒီအတိုင်းပါပဲ၊

ဘာမှ မလုပ်တော့ပါဘူးဆရာ


လို့ တက်တိုးက သူ့စိတ်ကူးကို တင်ပြလိုက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com