Monday, October 25, 2010

“ မင်းသမီးလေးနဲ့ ဖားမင်းသား…”



တစ်ခါတုန်းက

အလွန်တရာ ချောမောလှပတဲ့ ဘုရင့်သမီးတော် တစ်ပါးရှိပါတယ်။

တစ်နေ့မှာတော့ မင်းသမီးလေးဟာ ရေကန်ကို ပတ်ပြီးလမ်းလျှောက်နေတုန်း

မမျှော်လင့်ဘဲ လူစကားပြောတတ်တဲ့ ဖားတစ်ကောင်နဲ့တွေ့ပါတယ်။

ဖားကပြောတယ်။

ချစ်စရာကောင်းတဲ့ မိန်းကလေး၊

ငါ့ကိုအနမ်းလက်ဆောင်ပေးပါ။

အဲဒီအခါမှာ ငါဟာ အင်မတန်ချောတဲ့မင်းသားလေးအသွင်ကို ပြောင်းသွားလိမ့်မယ်၊

မင်းဟာ ငါ့ရဲ့ ကြင်ယာလောင်း ဖြစ်သွားမယ်၊

ငါတို့ နှစ်ယောက်လက်ထပ်ပြီးကြတဲ့အခါ မှာ လှပ ခန့်ညားတဲ့ နန်းတော်မှာ

ငါ့ရဲ့အမေနဲ့ အတူ တို့နေကြပါမယ်။

မင်းဟာငါတို့အတွက် စားကောင်းသောက်ဖွယ်တွေကို ချက်ပြုတ် ကျွေးမွေးမယ်၊

အဝတ်အစားတွေကို လျှော်ဖွပ်မယ်။

ငါ ခိုင်းတာကို လုပ်မယ်၊

ငါတို့နှစ်ယောက်ရဲ့ အိပ်ရာကိုညအချိန်မှာ နွေးထွေးစေမယ်၊

ငါ ဟာသပြောတဲ့အခါမှာ မင်းက ဟက်ဟက်ပက်ပက် ရယ်မယ်၊

ငါ့အတွက် သားသမီးတွေကို မွေးပေးပြီး သူတို့ကို ထိန်းသိမ်းစောင့်ရှောက်မယ်၊

ဘယ်သောအခါမှ မညည်းညူဘဲ ငါ့ရဲ့မိန်းမ ဖြစ်ရတဲ့အတွက်

အမြဲတမ်း ငါ့ကို ကျေးဇူးတင်နေလိမ့်ကွယ်

လို့ အားရပါးရပြောပါတယ်။


ဒါပေမယ့်…….

ဒါပေမယ့်………

အဲဒီနေ့ ညစာ စားတဲ့အခါမှာတော့ မင်းသမီးလေးဟာ ဖားကြော်ကိုအားရပါးရ စားနေ

လေရဲ့ကွယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com