Monday, October 25, 2010

“ ဂုံးကောင် နဲ့ လင်းယုန်…”




ဂုံးကောင်ကို ပင်လယ်ကမ်းစပ်များတွင် တွေ့ရတတ်ပါတယ်။

အဲဒီဂုံးကောင်ဟာ သူ့အခွံအိမ်ထဲမှာသာ ပုံးအောင်းနေလေ့ရှိပါတယ်။

အပြင်ထွက်ပြီး လမ်းလျှောက်ခြင်း လုံးဝမရှိပါ။

ဒီလှိုင်းအတက် အကျနဲ့လိုက်ပြီး ဟိုရွေ့၊ဒီရွေ့ ရွေ့လျားနေတတ်ပါတယ်။

ဆာလောင်တဲ့အခါမှာတော့ ပါးစပ်ကို ထားတတ်ပါတယ်။

ရေ ထဲပါလာတဲ့အစာက ပါးစပ်ထဲကို ဝင်လာတဲ့အခါမှာတော့

အလိုက်သင့်စားလိုက်ပါတယ်။

သူ့မှာ ကြိုးစားအာထုပ်မှုဆိုတာ မရှိသလောက်ပါပဲ။



ကောင်းကင်ယံမှာ ပျံဝဲနေတဲ့ လင်းယုန်ငှက်ကို တွေ့မြင်ဖူးမှာပါ။

ကောင်းကင်ယံမှာ လင်းယုန်ငှက်ဟာ အတောင်မခပ်ဘဲ လေဟုန်စီးရင်း

ငြိမ့်ညောင်းစွာရွေ့လျားနေတတ်ပါတယ်။

လင်းယုန် ငှက်ဟာ သူရဲ့ အသိုက်ကို အမြင့်ဆုံးသစ်ပင်ကြီးတွေရဲ့

အမြင့်ဆုံးနေရာမှာ တည်ဆောက်ထားတတ်ပါတယ်။

အစာရှာတဲ့အခါ အထက်ကောင်းကင်အမြင့်မှ သားကောင်ရှိတဲ့နေရာကို

တဟုန်ထိုးဆင်းလာပြီး အစာကို ခြေနဲ့ ထိုးသုတ် ယူဆောင်သွားတတ်ပါတယ်။


လူကြီးမင်းဟာ ဂုံးကောင်ဆိုတဲ့ အကောင်ကို နှစ်သက်ပါသလား၊

ဒါမှမဟုတ်

လင်းယုန်ငှက်ဆိုတဲ့ အကောင်ကို နှစ်သက်ပါသလား။


ဘာကြောင့်လဲ…?

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com