Monday, October 25, 2010

“ ဉာဏ်ရှိတော့ …”



တရုတ်သူဌေးကြီးတစ်ဦးဟာ အသက်အရွယ် အိုမင်းရင့်ရော်

နေပြီဖြစ်တဲ့အတွက် အလုပ်မှ အနားယူချင်နေပါတယ်။

အဲဒါကြောင့် သူဟာ သားသုံးယောက်ကိုခေါ်ပြီး၊

အဖေရဲ့လုပ်ငန်းကို ခွဲပြီးတော့ သားတို့ကို မပေးဘူး။

သားတို့ထဲက ဘယ်သူဟာအကောင်းဆုံး အလုပ်

လုပ်တတ်တဲ့လူ ဖြစ်တယ်ဆိုတာ အဖေသိချင်တယ်။

အဖေ စမ်းသပ်ကြည့်မယ်၊

အောင်မြင်တဲ့လူကို အဖေ့လုပ်ငန်း အားလုံးရမယ်

လို့ ပြောပါတယ်။

တရုတ်ကြီးဟာ သားတစ်ဦးစီကို ကျပ် တစ်သောင်းစီပေးပါတယ်။

သားတို့ဟာစိတ်ကူးစဉ်းစားပြီးအဲဒီငွေကိုသုံးပြီး တစ်ခုခုဝယ်ရမယ်။

ဝယ်တဲ့ပစ္စည်းနဲ့ လွတ်နေတဲ့ အခန်းကြီးကို ဖြည့်ရမယ် ဖြစ်တယ်။

အခန်းကို အပြည့်ဆုံးဖြစ်အောင် ဖြည့်နိုင်သူဟာ အောင်မြင်သူဖြစ်ပါမယ်


ပထမသားကြီးဟာ

အပြင်ထွက်သွားပြီး အခက်အလက်၊အရွက်တွေများတဲ့

သစ်ပင်ကြီးတစ်ပင်ကို ဝယ်ပါတယ်။

သစ်ပင်ကို ခုတ်လှဲပြီး အခန်းထဲကို ဆွဲသွင်းပါတယ်။

သစ်ပင်ဟာ အခန်းရဲ့ တစ်ဝက်နီးပါး ပြည့်သွားပါတယ်။


ဒုတိယ သားလတ်ဟာ

အပြင်ထွက်သွားပြီး လယ်သမားတွေရဲ့ လယ်ကွက်ထဲက ဖြတ်နေတဲ့

မြက်တွေကို အားလုံး ဝယ်လိုက်ပါတယ်။

မြက်တွေကို သယ်လာပြီး အခန်းထဲဆွဲသွင်းလိုက်ပါတယ်။

အခန်းပြည့်လုနီးပါး ဖြစ်သွားပါတယ်။


တတိယသားငယ်ဟာ

ကုန်စုံဆိုင်ငယ် တစ်ဆိုင်ကိုသွားပြီး ဖယောင်းတိုင် တစ်တိုင်ဝယ်ပါတယ်။

ညနေဖက်၊ မှောင်လာတဲ့အခါ

သူဟာ သူ့ဖခင်ကို အခန်းကျယ်ကြီးကို ခေါ်လာပါတယ်။

အဲဒီနောက် ဖယောင်းတိုင်ကို အခန်းရဲ့ အလယ်မှာ ထားပြီး မီးထွန်းလိုက်ပါတယ်။

ခဏအကြာမှာ သူ့အဖေဘက်ကို လှည့်ပြီး

ဖေဖေ၊ ဒီဖယောင်းတိုင်ငယ်ငယ်လေးရဲ့ အလင်းနဲ့

မပြည့်တဲ့ အခန်းထောင့်တစ်နေရာရာများ တွေ့ပါသလား

လို့မေးလိုက်ပါတယ်။

ဒါနဲ့ပဲ တတိယသားငယ်ဟာ

ဉာဏ်ရှိတဲ့အတွက် သူ့ဖခင်ရဲ့ လုပ်ငန်းတစ်ခုလုံးကို ရရှိပိုင်ဆိုင်သွားပါတော့တယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com