Monday, December 13, 2010

“ မီးရှို့သူ မဖြစ်ပါစေနဲ့ …”




တစ်နေ့မှာတော့

လယ်တီဆရာတော်ကြီးဆီကို

မြန်မာနိုင်ငံ တစ်နံတစ်လျှား

ဟိုးဟိုးကျော်နေတဲ့ ဇာတ်မင်းသားကြီး ဦးဖိုးစိန်က

လာရောက်ဖူးပါတယ်။

လယ်တီဆရာတော်က

ကန်တော့တာ ဘယ်သူပါလိမ့်

လို့ မေးလိုက်ပါတယ်။


ဦးဖိုးစိန်က

တပည့်တော် ဇာတ်မင်းသားဖိုးစိန်ပါ အရှင်ဘုရား

လို့လျှောက်ထားပါတယ်။

လယ်တီ ဆရာတော်က

သြော် ဒါဖြင့် မြန်မာတစ်ပြည်လုံးကို

မီးလှည့်ရှို့နေတာ ဒကာကြီးကိုး

လို့ ပြောလိုက်ပါတယ်။


ဆရာတော်ဘုရားက

လောဘမီး၊

ဒေါသမီးဆိုတဲ့

ကိလေသာမီးတွေ ကို ဆိုလိုတာဖြစ်ပါတယ်။

ပြည်သူပြည်သားတွေရဲ့ရင်ထဲ၊ နှလုံးသားထဲမှာ

ကိလေသာမီးတွေ လောင်မြိုက်အောင်

လုပ်နေတာကို ဆိုလိုဟန်တူပါတယ်။

ဘယ်သူမဆို

သတိထားဆင်ချဉ်သင့်တဲ့စကားတစ်ခွန်းဖြစ်ပါတယ်။

ကိုယ်ဖန်တီးတဲ့ အနုပညာနဲ့စာပေ၊ စကား ဟာ

အခြားသူတွေ အတွက်

ကိလေသာလောင်မြိုက်စေတဲ့အပြုအမူနဲ့

အရေးအသား၊

အပြောအဆို

မဖြစ်စေဖို့အရေးကြီးလှပါတယ်။


လူမိုက်တစ်သောင်း၊

ချီးမွှမ်းရှောင်းလည်း

လူကောင်းတစ်ယောက်၊

ပြစ်တင်ကြောက်လော့

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com