ယောက်ျားဖြစ်သူ ကိုအေးချိုအား
ရေနွေးကရားဖြင့် 
ပစ်ပေါက်တဲ့ မိန်းမရဲ့အမှုကို
တရားရုံးတွင် စစ်ဆေးနေတယ်။
တရားသူကြီးက 
တရားခံ အမျိုးသမီးဖြစ်တဲ့ မအေးစန်းကိုမေးတယ်။
“ ခင်ဗျားရဲ့ယောက်ျားကို ခင်ဗျား ရေနွေးကရားနဲ့ 
ပစ်ပေါက်လိုက်လို့ သူ ခေါင်းကွဲသွားတယ်။
ရုံးတော်ကို ပြောစမ်းပါ။
ဒီလို ပစ်ပေါက်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး 
ခင်ဗျား နောင်တလုံးဝ မရဘူးလား ”
“ ရပါသော်ကော တရားသူကြီးမင်းရယ်။
ရေနွေးကရားက အသစ်ကျပ်ချွတ်။
ပြီးတော့ ပန်းတွေနဲ့၊ လှကလှပါဘိသနဲ့။
အခုတော့
ကြည့်မကောင်း ရှုမကောင်းအောင် ပိန်ချိုင့်သွားပြီ။
နှမြောလိုက်တာရှင်… ”

 
 

No comments:
Post a Comment