Monday, November 15, 2010

“ အများပိုင်ဆိုင်မှုရှိတဲ့ သင်ရဲ့ဘဝ…”



ကျွန်ုပ်ရဲ့ဘဝကို ကျွန်ုပ်ဟာ လုံးလုံးလျားလျား မပိုင်ပါ။

တစ်ဝက်တစ်ပျက်သာ ပိုင်ဆိုင်ပါတယ်။

လူတို့ဟာ တစ်ဦးနဲ့တစ်ဦး ပိုင်ဆိုင်မှု မကင်းကြပါ။


သင် ရေချိုးရာမှာ သုံးတဲ့ ဆပ်ပြာမွှေးအနံ့ဟာ

ကျွန်ုပ်ရှုတဲ့ လေကိုမွှေးစေပါတယ်။


သင့်ကိုယ်မှ ထွက်တဲ့အနံ့ဆိုးကြောင့်

ပတ်ဝန်ကျင်မှ လူတွေ အသက်ရှုတဲ့လေကို နံစေပါတယ်။


သင်သောက်တဲ့ဆေးလိပ်မီးခိုးကြောင့်

ပတ်ဝန်ကျင်လူများ မျက်စေ့ကို အခိုးရိုက်ပြီး

ဆေးလိပ်နံ့ သက်ရောက်စေပါတယ်။


နံနက်ပိုင်းတွင် တွေ့ရတဲ့ သင့်ရဲ့ကြည်နူးဖွယ် အပြုံးဟာ

တွေ့ရသူ နှလုံးကို ရွှင်စေပါတယ်။

လူချင်းမသိသော်လည်း နှလုံးအေးစေပါတယ်။


ရထားပေါ်တွင် ကြမ်းကြမ်းတမ်းတမ်း သင်ပြောလိုက်တဲ့စကားကို

ကြားရသူများဟာ စိတ်နှလုံးမသာမယာဖြစ်ပြီး

စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။


သင်ဟာ ပင်လယ်ထဲတွင် သီးသီးသန့်သန့်တည်နေတဲ့ ကျွန်းလေးမဟုတ်ပါ။

အခြားပတ်ဝန်းကျင်လူများနဲ့ကင်းပြီး သီးသီးသန့်သန့်နေလို့မရပါ။

နေလည်း မနေနိုင်ပါ။


တစ်နေ့သောအခါ ညစာစားပွဲတစ်ခုတွင် ကြွရောက်လာတဲ့ ဧည့်သည်တစ်ဦးက

ညစာစားပွဲကို မတက်ရောက်နိုင်တဲ့

လူမျိုးနွယ်စုအကြောင်း အဆိုးမြင် ရှုထောင့်မှ ပြောဆိုနေတာကို ကြားရပါတယ်။

အိမ်ရှင်က စကားလမ်းကြောင်းပြောင်းအောင် လိမ္မာပါးနပ်စွာ ကြိုးစားပါတယ်။

ဒါပေမယ့် ဧည့်သည်က အလိုက်မသိစွာ သူ့အမြင်ကို ဆက်ပြောမြဲ ပြောနေပါတယ်။

အဲဒီအခါ အနီးအနားမှာရှိတဲ့ ကလေးတွေကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီး

အဲဒီဧည့်သည်အား ညင်သာစွာ ပြောဆိုလိုက်ပါတယ်။


အိမ်ရှင်က

ကျေးဇူးပြုပြီး ကျနော့်နေအိမ်မှာ မပြောပါနဲ့ ခင်ဗျား၊

ခင်ဗျားရဲ့ အမြင်ကို တော့ ကြိုက်သလိုထားနိုင်ပါတယ်။

အဲဒါကတော့ ခင်ဗျားနဲ့ပဲ ဆိုင်ပါတယ်။

ဒါပေမယ့် ခင်ဗျား အမြင်အယူအဆတွေကို ကျနော့်အိမ်မှာလာပြောတော့

အဲဒါတွေက ကျနော်နဲ့ဆိုင်လာပါတယ်။

ခင်ဗျားပြောဆိုနေတာကို ကျနော် သဘောမတူကြောင်းနဲ့

လက်မခံနိုင်ကြောင်း ခင်ဗျားကို ပြောရပါလိမ့်မယ်။

အခုလို မပြောဘဲ ငြိမ်နေရင် ခင်ဗျားပြောတာတွေ အားလုံးကို

ကျနော်က သဘောတူ လက်ခံတယ်လို့အခြားဧည့်သည်တွေနဲ့ ကျနော့်ကလေးတွေ

ထင်စရာဖြစ်ပါတယ်။

အခုလို ပြောတာကို ခင်ဗျားနားလည်နိုင်မယ် ထင်ပါတယ်

လို့ ပြောလိုက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com