Monday, November 15, 2010

“ မှန်မှန်ပြော မလိမ်နဲ့…”




ရှေးရှေးတုန်းက ရောမခေတ်ကာလက

ရောမမြို့ဗက်စတယ်၊ဗာဂျင်စ်ရပ်ကွက်ရှိ

ဘုရားရှိခိုးကျောင်းအနီးမှာ

ကျောက်တုံးကြီးတစ်တုံးကို ထုထားတဲ့ မျက်နှာရုပ်တု အကြီးကြီးတစ်ခုရှိပါတယ်။

အဲဒီမျက်နှာပုံ ကျောက်ရုပ်ကြီးမှာ

လဝန်းကြီးလို ဝိုင်းစက်နေပြီး ပါးစပ်ကြီးမှာ ဟလျက်ရှိပါတယ်။


အထူးသဖြင့် ကလေးငယ်များ လိမ်ညာပြောနေတဲ့အခါ

သို့မဟုတ်

လိမ်ညာပြောနေတာလို့ ယူဆရတဲ့အခါ လိမ်ညာပြောခြင်း

ဟုတ်၊မဟုတ်

စစ်ဆေးရန် ကလေးများအား အဲဒီကျောက်ရုပ်ကြီးဆီခေါ်သွားမယ်

လို့ မိခင်များက ပြောတတ်ပါတယ်။


အဲဒီကျောက်ရုပ်ရဲ့ ရှေ့ရောက်တဲ့အခါ ကလေးများကို လက်သီးဆုပ်ခိုင်းပါတယ်။

အဲဒီနောက် လက်သီးဆုပ်ကို ကျောက်ရုပ်ရဲ့ ပါးစပ်ပေါက်ထဲကို ထည့်ခိုင်းပါတယ်။

လိမ်ညာပြောခဲ့ရင် ထည့်လိုက်တဲ့ လက်သီးဆုပ်ကို ကျောက်ရုပ်ကြီးက ကိုက်ထားပြီး၊

ဘယ်တော့မှ ပြန်မလွှတ်တော့ဘူးလို့ ယူဆယုံကြည်ထားကြပါတယ်။


လိမ်ညာပြော၊

မပြော မသေချာသူများက

လက်သီးဆုပ်ကို ကျောက်ရုပ်ရဲ့ပါးစပ်ထဲကို ထည့်ဖို့

မဝံ့မရဲ ဖြစ်ကြတယ်လို့ဆိုပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com