Monday, December 20, 2010

" အမြဲအားတက်စေနိုင်တာက ကုသိုလ်..."


ဘာပဲပြင်ပြင် ပျက်တာချည်းပဲကွယ့်၊

ဘဝတစ်ခုမှာ အမြဲအားတက်သွားစေနိုင်တာက

ကုသိုလ်တစ်ခုပဲ ရှိတယ်။

အခြားအရာတွေက ဘယ်ဟာမှ

အမြဲအားမတက်စေနိုင်ပါဘူး။

+++++

ပထမ ကန်တောရ ဆရာတော်ကြီးက

များဖို့ထက်၊

ကောင်းဖို့ဦးစားပေးကြိုးစား၊

မကောင်းပဲ မများချင်နဲ့။

အရေအတွက်များဖို့ထက် အရည်အချင်းရှိအောင် ကြိုးစားနော်။

များဖို့ထက် ကောင်းဖို့က အရေးကြီးတယ်။

+++++

သဒ္ဓါက အထုပ်၊

ဝီရိယက အလုပ်၊

သတိက အချုပ်၊

သမာဓိက အအုပ်၊

ပညာက အဟုတ်၊

ဆိုတော့ အကောင်းအားလုံးတွေထဲမှာ

သတိဟာ အချုပ်ပါ။

+++++

အလုပ် အမြန်ပြီးအောင်

သတိထား ကြိုးစားကြ။

+++++

မမေ့ဆိုတာ သတိ၊

မလျော့ဆိုတာ ဝီရိယ၊

မပေါ့ဆိုတာ သမာဓိ၊

မဆ ဆိုတာဉာဏ်။

+++++

မမေ့တဲ့ သတိနဲ့ မလျော့တဲ့ ဝီရိယ ပေါင်းမိရင်

မပေါ့တဲ့သမာဓိ ပေါ်လာတယ်။

သမာဓိကောင်းတော့ မဆ ဆိုတဲ့ ဉာဏ် ဖြစ်ပေါ်လာတယ်။

အစ သတိနဲ့

အဆုံးဉာဏ်ကို ယူပြီး သတိဉာဏ်ဟာ

အပ္ပမာဒ ပဲလို့ ပြောနေတာပါ။

+++++

လူသည်

သူ့စိတ်တွင် သတ်မှတ်စွဲထင်နေတဲ့အတိုင်း

တကယ်ပင်ဖြစ်ရ၏။

(ဂရိစကားပုံ)

+++++

သိဒ္ဓတ္တမင်းသားက

သူ့တို့က ငါ့ကို အကြီးကျယ်ဆုံးဖြစ်စေဖို့အတွက်

အနိမ့်ကျဆုံးတွေကို လုပ်စေလိုကြတယ်။

ငါက အမြင့်မြတ်ဆုံးဖြစ်ဖို့အတွက်အကြီးကျယ်ဆုံးများကို

စွန့်လွှတ်ရမယ်၊

ကြီးကျယ်မှုကိုသာ မျှော်မှန်းသူဟာ

အနိမ့်ကျဆုံးကိုပင် လုပ်ရဲကြတယ်။

ကြီးကျယ်ခြင်းနဲ့ မြင့်မြတ်ခြင်းတို့ရဲ့တန်ဖိုးကို

နားမလည်ကြဘူး။

ကြီးကျယ်မှုဟာ အမြင်ခမ်းနားသလောက် အနှစ်အခိုင်အမာ

မရှိတဲ့ တစ်ဘဝ၊တစ်နပ်စာသာ ဖြစ်တယ်။

မြင့်မြတ်မှုဟာ အမြင်မခမ်းနားပေမယ့် အနှစ်သာရပြည့်ဝခိုင်မာတယ် လို့

ဆင်ခြင်သုံးသပ်ပြီး တောထွက်ခဲ့ပါတယ်။

+++++

သတိလွတ်ရင် အသိသေပါတယ်။

သတိရှိမှ အသိဟာ ရှင်သန်နိုင်ပါတယ်။

သတိရှိရင် ဘာမဆို အလုပ်ဖြစ်တယ်။

သတိဟာ ဘဝရဲ့အဓိက အသက်ဖြစ်တယ်။

+++++

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com