Saturday, November 13, 2010

“ ခင်ဗျားက ဘယ်သူ့ ဖက်ကလဲ…”



တစ်ခါတုန်းက

နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်မှုကို ပြုလုပ်ရာမှာ

နည်းပြဆရာက သင်တန်းသားကို ပြောတယ်။

ဆိုပါစို့၊ ခင်ဗျားဟာ သဲကန္တာရထဲမှာ ရောက်နေတယ်။

ရုတ်တရက် တစ်ဖက်ရန်သူဟာ ကျောက်တုံးတစ်ခုကိုကွယ်ပြီး

ခင်ဗျားကို ရိုင်ဖယ်နဲ့ပစ်ဖို့ ချိန်တာကို တွေ့လိုက်ရတယ်၊

ခင်ဗျား ဘာလုပ်မလဲ


သူ့ထက် အရင်ဦးအောင် ကျနော်ပစ်ဖို့ကြိုးစားမယ်


မောင်းကို ခင်ဗျား ဖြုတ်လိုက်တယ်၊

ဒါပေမယ့် ကျည်ဆံမထွက်ဘူး။


ဒါဆို သူ့ဖက်ကို ကျနော် လက်ပစ်ဗုံး ပစ်လိုက်မယ်


ခင်ဗျား ပစ်လိုက်တယ်၊

ဒါပေမယ့် ဗုံးမပေါက်ဘူး


အဲဒါဆို လျှပ်တစ်ပြက် သူ့ကို လှံစွပ်နဲ့ ပြေးထိုးမယ်။


ခင်ဗျား ပြေးထိုးတယ်၊

ဒါပေမယ့် ချော်သွားတယ်၊

လှံစွပ်ဟာ ကျောက်တုံးကို ထိုးမိပြီး ကျိုးသွားတယ်၊

ရန်သူက ခင်ဗျားကို ဓားနဲ့ထိုးဖို့ပြေးလာပြီ၊ ခင်ဗျား ဘာလုပ်မလဲ


ကျနော် သစ်ပင်ပေါ် တက်ပြေးမယ်


သဲကန္တာရမှာ သစ်ပင် မရှိဘူး

သင်တန်းသားက ချောင်းပိတ်ခံလိုက်ရသလိုဖြစ်သွားတယ်။

သင်တန်းနည်းပြကိုလည်း မကျေမချမ်း ဖြစ်သွားပြီးမေးတယ်။


နေပါဦး၊

ခင်ဗျားက ဘယ်သူ ဖက်က တိုက်နေတာလဲ

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com