Saturday, November 13, 2010

“ မျက်လုံးတွေ ပွင့်လာကြပြီ ...”



မောင်သိုင်းအောင်ကျော်ဟာ

မူကြိုကျောင်းသားလေးဖြစ်တယ်။

အလွန်စကားတတ်တယ်။

ဘယ်က စကားတတ်လာမှန်းလည်းမသိပါ။

တစ်နေ့မှာ သူရဲ့အတန်းပိုင် ဆရာမကိုပြောတယ်။


ဆရာမ၊

သားတို့အိမ်မှာ ကြောင်မကြီးတစ်ကောင်က

ကြောင်သားလေးခြောက်ကောင်တောင် မွေးတယ်။

အကုန်ဆုံး ကွန်မြူနစ်တွေချည်းပဲ


ဆရာမ က နားမလည်ပါ။

ဒါပေမယ့် ဆရာမက မှတ်ထားလိုက်ပါတယ်။

ရက်အနည်းငယ် ကြာတဲ့အခါမှာတော့

ဆရာမက မောင်သိုင်းအောင်ကျော်ကို မေးတယ်။


သိုင်းအောင်ကျော်

မင်းအိမ်က ကြောင်သားလေး ကွန်မြူနစ်တွေ

နေကောင်းကြရဲ့လားကွယ့်


ကောင်းပါတယ်ဆရာမ၊

သူတို့တွေ ကွန်မြူနစ်တွေ မဟုတ်တော့ဘူး။

သူတို့တွေ အားလုံး မျက်လုံးတွေ ပွင့်လာကြပြီ

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com