ဆေးကုမ္ပဏီရဲ့အုပ်ချုပ်ရေးမှူးဦးသန်းဝင်းက
သူရဲ့လက်အောက်ဝန်ထမ်းကို မေးတယ်။
“ ကိုမောင်စံ၊ 
ခင်ဗျား ကျန်းမာရေးအခြေအနေ 
ကောင်းတယ်နော် ”
“ ကောင်းပါတယ်ဆရာ၊
လုပ်သက်၁၂-နှစ်အတွင်းမှာ 
တစ်ခါမှ နေထိုင်မကောင်း မဖြစ်ခဲ့ဖူးပါဘူး ”
ဦးသန်းဝင်းက
“ အင်း၊ 
အင်မတန် အံ့သြစရာကောင်းတာပဲ၊
အစာအိမ်ရောဂါ၊
သွေးတိုးရောဂါ၊ 
ခြေလက်ကိုက်ခဲတဲ့ရောဂါ၊
နှလုံးတုန် ရင်ခုန်တဲ့ ဝေဒနာ၊ 
ခေါင်းကိုက်ရောဂါ
တစ်ခါမှ မခံစားခဲ့ရဖူးဘူး၊ 
ဟုတ်လား ”
“ ဟုတ်ပါတယ်ဆရာ ”
ဦးသန်းဝင်းက...
“ ကိုမောင်စံ၊ 
ခင်ဗျား ကျနော့်ကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ။
ခင်ဗျား ရုံးမှာ ဘာအလုပ်မှမလုပ်ဘဲ ရေသာခိုနေတဲ့လူ ထင်တယ်။
ဟုတ်တယ် ဟုတ်... ”

 
 

No comments:
Post a Comment