Thursday, December 16, 2010

“ မေးမြန်းတော့ ဉာဏ်ပွား…”




မေးသင့်တဲ့မေးခွန်းကို
မေးရဲမှ အဖြေကို

ရှာနိုင်တဲ့အဆင့်ကို ရောက်မယ်။

စာအုပ်တစ်အုပ်မှာ တန်ဖိုးအရှိဆုံးအရာဟာ

မေးသင့်တဲ့မေးခွန်းပဲ။


****************************************************************


အခုခေတ်လူတွေက ဥပမာနဲ့ပြောရရင်

ကားမောင်းရင်းနဲ့ တစ်ဖက်က ဘရိတ်ကို

နင်းထားပြီးတော့ တစ်ဖက်က လီဗာကို

နင်းထားသလို ဖြစ်နေတယ်။

သွားလည်း သွားချင်တယ်။

ရပ်လည်း ရပ်ပစ်ချင်တယ်။

အဲဒါကြောင့် ပိုပြီးတော့ ပင်ပန်းတယ်။


****************************************************************


ငါ ဘယ်လို ပညာမျိုးကို တတ်ချင်သလဲ

( မေးသင့်တဲ့ မေးခွန်း )


****************************************************************

အကယ်၍ လူတစ်ယောက်ဟာ

သူတကယ်လုပ်ချင်တာဘာလဲ

လို့ တိတိကျကျသိပြီးတော့ ကိုယ်ဟာ ကိုယ်လည်း

နေ့စဉ်စိတ်ပါလက်ပါလုပ်နေတယ်ဆိုရင်

အခုန ပြောသလို ဘဝကြီးက အဓိပ္ပာယ်မဲ့သလိုမျိုး၊

ဘဝကြီးက Empty ဖြစ်နေသလိုမျိုး၊

ပျင်းစရာကောင်းတယ်ဆိုတာမျိုး၊ဟာ

ဘယ်တော့မှ မဖြစ်နိုင်ဘူး။


****************************************************************


နေရောင်ခြည်မှာ မှန်ဘီလူးတစ်ခုကိုထားကြည့်မယ်ဆိုရင်

အဲဒီမှန်ဘီလူးက နေရောင်ခြည်ကို စုပေးလိုက်တယ်။

တစ်နေရာထဲမှာ အလင်းရောင်တွေလာစုတဲ့အတွက်ကြောင့်

သူရဲ့အစွမ်းသတ္တိဟာ ပိုပြီးတော့

ထက်မြက်လာတယ်။


( ဆရာတော်ဦးဇောတိက )


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com