Thursday, December 16, 2010

“ အသက်ရှည်နည်း…”



အသက် ၉၀အရွယ်ရှိ အဘိုးကြီး

အဘဦးဖိုးဉာဏ် ကို

သတင်းထောက်က သူ့ရဲ့နေအိမ်မှာ အင်တာဗျူးနေကြတယ်။


ဒီလောက်အထိ အသက်ရှည်အောင်

အဘ

ဘာဆေးနည်းတွေကို အသုံးပြုပါသလဲ ခင်ဗျ


အဘဦးဖိုးဉာဏ်က

ဘာဆေးနည်းကိုမှ မသုံးပါဘူး။

ရှိလည်း မရှိပါဘူး။

ပြောစရာဆိုလို့အခုချိန်ထိ

အဘဟာ

ဆေးလိပ်မသောက်ဘူး။

အရက်မသောက်ဘူး။

မိန်းမလည်း မလိုက်စားဘူး


အဲဒီအချိန်မှာ တစ်ဖက်ခန်းကနေပြီး

အော်ဟစ်သံများ၊

ဆဲဆိုသံများ၊

ပစ်ပေါက်သံများ၊

ပန်းကန်ကွဲသံများ၊

ကို ကြားရတယ်။


အဲဒါ ဘာဖြစ်တာလဲ အဘ


အဘရဲ့အဖေလေ၊

မကောင်းတဲ့မိန်းမတွေနဲ့သောက်စားလို့

မူးလာပြီဆိုရင် ဒီလိုပဲ သွေးဆိုးနေကျပါ

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com