Thursday, December 16, 2010

“ စိုးရိမ်မိတယ်ကွယ်… ”



အလွန် စိုးရိမ်ပူပန်နေပုံပေါက်တဲ့ ခရီးသည်တစ်ဦးရဲ့အနားကို

လေယာဉ်မယ် ကပ်လာပြီးမေးတယ်။


တစ်ခုခု ဖြစ်လို့များလားရှင်


ဟုတ်ကဲ့၊

အခုတလော လေယာဉ်တွေ ခဏခဏ ပျက်တယ်ဆိုတာ

စဉ်းစားမိတိုင်း စိုးရိမ်စိတ်တွေ ဝင်လာနေမိတယ်


စိုးရိမ်စရာ မလိုပါဘူးရှင်၊

ခရီးသည်တစ်ယောက်လေယာဉ်ပျက်ကျတဲ့အထဲ

ပါဖို့ဆိုတာ ထီတစ်သန်းဆုပေါက်ဖို့လိုပဲ

အင်မတန် ဖြစ်နိုင်ချေ နည်းကြောင်းစာရင်းအင်းတွေ

ကဖော်ပြနေပါတယ်ရှင်


အဲဒီလို အားပေးစကား ပြောလိုက်တဲ့နောက်

ခရီးသည်ရဲ့မျက်နှာမှာ ပိုပြီးဖြူဖပ်ဖြူရော် ဖြစ်သွားပါတယ်။


ဒါကို ကျနော်သိပါတယ်။

သိလို့လဲ ပိုပြီး စိုးရိမ်နေရတယ်။

ရက်ပိုင်းအတွင်းကပဲ ကျနော် ထီတစ်သန်းဆု

ပေါက်ထားတယ်ဗျာ

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com