ရှေးရှေးတုန်းက ပုရောဟိတ်အိုကြီးတစ်ယောက်ရှိခဲ့တယ်။
အဲဒီ ပုရောဟိတ်ဟာ ရှိတ်စော်ဘွားကြီးပိုင်တဲ့ မြည်းကို 
နှစ်၂၀ အတွင်း စာရေး၊ စာဖတ်တတ်အောင် သင်ပေးမယ်
လို့ ကတိပေးလိုက်တယ်။
စော်ဘွားကြီးက အဲဒီအချိန်အတွင်း သူ့ရဲ့မြည်း အသုံးလုံး မကျေရင် 
ပုရောဟိတ်ရဲ့ လည်ပင်းကို ဖြတ်ရမယ် လို့ ကြိမ်းမောင်းခဲ့တယ်။
ဒီလောက်အန္တရာယ်များတဲ့ အလုပ်ကို 
ဘာဖြစ်လို့ တာဝန်ယူလိုက်ရတာလဲ 
လို့ ပုရောဟိတ်ကြီးကို ဝိုင်းမေးကြတော့ 
ပုရောဟိတ်ကြီးက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်တယ်။
“ နှစ်-၂၀အတွင်းမှာ 
ငါသော်လည်းကောင်း၊
မြည်းသော်လည်းကောင်း၊ 
ရှိတ်စော်ဘွားကြီးသော်လည်းကောင်း၊ 
တစ်ယောက်ယောက်ကတော့ သေမှာ သေချာလို့ပါ ”တဲ့။

 
 

No comments:
Post a Comment