Sunday, November 14, 2010

“ ခွေးမည်းကြီးက အားကောင်းတယ်…”



အမေရိကန် ရက်အင်ဒီးယန်းလူငယ်တစ်ဦးဟာ

သူ့စိတ်ထဲမှာ ဖြစ်ပျက်နေမှုကို

အမှန် အောက်ပါအတိုင်းပြောပြခဲ့ပါတယ်။


သူငယ်ချင်းတို့ရာ

ငါ့စိတ်ထဲမှာ ခွေးနှစ်ကောင်ကိုက်နေသလို ငါ ခံစားရပါတယ်။

တစ်ကောင်က ခွေးကောင်း

ဖြူဖြူဖွေးဖွေးလှလှပပပါဘဲ။

အဲဒီခွေးက ငါ့အကျိုးအတွက် အကောင်းဆုံးဖြစ်အောင်

အမြဲစောင့်ကြည့်နေပါတယ်။


နောက်တစ်ကောင်ကတော့ ခွေးမည်းကြီး။

အဲဒီခွေးကြီးက ခွေးဆိုးကြီး။

အဲဒီခွေးကြီးကတော့

ငါ ဖြစ်စေချင်တာ၊

မြင်ချင်တာတွေ အားလုံးကို ပျက်စီးအောင်

ဖျက်နေတော့တာပါပဲကွာ။


ဒီခွေးနှစ်ကောင်ဟာ ငါ့ကို သိပ်ဒုက္ခပေးတယ်ကွ။

သူတို့နှစ်ကောင်ဟာ အချိန်တိုင်းလိုလို အမြဲရန်ဖြစ်နေကြတယ်လေ

လို့ ပြောပြခဲ့ပါတယ်။


ကြားနေရတဲ့သူငယ်ချင်းက

ဘယ်ခွေးက နိုင်သလဲ

လို့မေးကြည့်ပါတယ်။


အဲဒီအခါ ရက်အင်ဒီးယန်းလူငယ် ပြောလိုက်တာက

ခွေးမည်းကြီးက အားကောင်းတယ်ကွ

တဲ့။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com