Wednesday, December 29, 2010

“ သူခိုးကြောက်တယ်မောင်…”


ကိုအေးကိုကို က မိတ်ဆွေများအား

သူ့ရဲ့ဇနီးသည် သူခိုးကြောက်ပုံအကြောင်းကို

ပြောပြနေတယ်။


မခိုင် သူခိုးကြောက်တတ်တာ

လွန်ကို လွန်လွန်းလှတယ်။

အရင်တုန်းက ဆိုရင် အခန်းထဲမှာ

ဘာသံလေးပဲကြားလိုက်

ကြားလိုက်

သူခိုးဝင်တယ်ထင်ပြီး ကျုပ်ကို လှုပ်နှိုးလေ့ ရှိတယ်။

ကျုပ် ခဏခဏ အိပ်ရေးပျက်ရတယ်။

တကယ့်သူခိုးဆိုတာ ဘယ်တော့မှ အသံကြားအောင်

မလာဘူးလို့ မခိုင်ကို သဘောပေါက် နားလည်အောင်

အချိန်အတော်ကြာအောင် ရှင်းပြရတယ်


အဲဒီတော့ အခု ခင်ဗျား ကောင်းကောင်း

အိပ်ရပြီပေါ့ ဟုတ်လား


ဘယ်ဟုတ်လိမ့်မတုံး၊

အိပ်ခန်းထဲမှာ

လုံးဝ တိတ်ဆိတ်နေပြီဆိုတာနဲ့

သူ ကျုပ်ကို နှိုးတော့တာပဲ

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com