Thursday, April 28, 2011

" ငါ လက်မခံပါ..."




တစ်ခါတုန်းက ပုဏ္ဏားတစ်ယောက်သည်

မြတ်စွာဘုရားအား

မကြားဝံ့မနာသာအောင်လာရောက်ဆဲရေးနေ၏။

တစ်နေကုန် ဆဲရေးတိုင်ထွာနေလေတော့သည်။

အကြောင်းမှာ သူ့ညီအကိုများကို ဘုရားက တန်ခိုးနဲ့

သိမ်းသွင်းသွားတယ်လို့ ယူဆသောကြောင့်

ဖြစ်တယ်။

မြတ်စွာဘုရားဟာ သူဆဲဆိုသမျှ ဘာတစ်ခွန်းမှ

မတုန့်ပြန်ဘဲ

ငြိမ်သက်စွာ နေတော်မူတဲ့အခါ

ပုဏ္ဏားကဆဲဆိုပြီးမောသွားပါတယ်။

မတုန့်ပြန်တဲ့အတွက် အလွန်အမင်းလည်း

အံ့သြသွားပါတယ်။

ဘာကြောင့် မတုန့်ပြန်သလဲ

လို့ မေးပါတယ်။


မြတ်စွာဘုရားက

ပုဏ္ဏား သင့်အိမ်သို့ ဧည့်သည်များလာသောအခါ

လာတဲ့ဧည့်သည်က လက်ဆောင်

ယူလာပြီး သင့်ကို ပေးတယ်ဆိုပါစို့။

အသင်ပုဏ္ဏားက အဲဒီလက်ဆောင်ပစ္စည်းကို

လက်မခံဘူးဆိုရင်

အဲဒီလက်ဆောင်ပစ္စည်းက

ဘယ်သူ့ပစ္စည်းဖြစ်သွားပါသလဲ


ဧည့်သည်ရဲ့ပစ္စည်းသာဖြစ်ပါတယ်

အဲဒီဥပမာအတိုင်းပင်၊

သင်သည် ငါ့အား ဒေါသနဲ့ ဆဲရေး၏။

ငါသည် သင်၏ဆဲရေးခြင်းကို လက်မခံ။

အဲဒါကြောင့် သင်ဆဲရေးသမျှ

အကုသိုလ်ကံများဟာ သင့်ပစ္စည်းသာဖြစ်ပါတယ်



ဒေါသနဲ့ဆဲရေတိုင်းထွာတာကို

ပြန်လှန်တုန့်ပြန်ခြင်းဟာ

ဒေါသကို ဒေါသနဲ့တုန့်ပြန်ခြင်းသာဖြစ်တယ်။

ဒေါသကို လက်ခံလိုက်ခြင်းဖြစ်တယ်။

ဘယ်တော့မှ အဆုံးမသတ်နိုင်တော့ပါ။

အဓိကကတော့ အကုသိုလ်များကို

လက်မခံဖို့သာဖြစ်ပါတယ်။

လက်မခံသရွေ့ ကိုယ်ပစ္စည်းမဖြစ်ပါ။




No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com