Thursday, October 7, 2010

“ အရက်ဖြတ်နည်း….”


သင်ဟာ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး

အရက်မသောက်ရရင် မနေနိုင်တဲ့ အရက်စွဲသူဖြစ်ခဲ့ရင်

သင့်အိမ်မှာ သင်တစ်ဦးတည်းအတွက် အရက်ဆိုင်ဖွင့်ပါ။


အဲဒီဆိုင်ဟာ သင်တစ်ဦးတည်းအတွက်

ဖွင့်တဲ့ ဆိုင်ဖြစ်၍ ဆိုင်ဖွင့်ဖို့လိုင်စင်ခွင့်ပြုချက် ရယူရန်မလိုပါ။


အရက်တစ်ဂါလံဝယ်ယူတိုင်း သင့်ဇနီးကို နှစ်ဒေါ်လာပေးပါ။

အရက်တစ်ဂါလံတွင် ခွက်ပေါင်း ၉၆ ခွက်ရှိတာကို မမေ့ပါနဲ့။

သင်သောက်ဖို့အရက်ကို သင့်ဇနီးထံမှသာ ဝယ်သောက်ပါ။

သင်သောက်တဲ့ အရက် ပထမ ဂါလံကုန်သွားတဲ့အခါ

သင့်ဇနီးဟာ ဘဏ်မှာ ဒေါ်လာသွင်းထားနိုင်ပြီး၊

နောက်ထပ်အရက်ဆိုင်ဖွင့်ဖို့ ဂါလံဝယ်နိုင်တဲ့

ငွေ ဒေါ်လာရှိလာပါလိမ့်မယ်။


သင်ဟာ ဒီနှုန်းအတိုင်း ၁၀ နှစ်ဆက်တိုက်

သင့်ဇနီးဆီက အရက်ဝယ်သောက်ခဲ့ပြီး ကွယ်လွန်သွားခဲ့သော်

ကျန်ရစ်တဲ့ သင့်ဇနီးနှင့် ကလေးများအတွက် ပူစရာဘာမှ မလိုတော့ပါ။


ကျန်ရစ်တဲ့ သင့်ဇနီးမုဆိုးမအတွက် သင့်အလောင်းကို

ကောင်းကောင်းမွန်မွန်သဂြိုလ်ဖို့အတွက် ငွေအလုံအလောက်ရှိနေပါလိမ့်မယ်။


သားသမီးတွေကို ဆက်လက်ပြုစုပျိုးထောင်ဖို့

အတွက်လည်း ငွေအလုံအလောက်ရှိနေပါလိမ့်မယ်။

အိမ်တစ်ဆောင်၊မြေတစ်ကွက်ကိုလည်း ဝယ်နိုင်တဲ့ ငွေစုဆောင်းပြီး ဖြစ်ပါလိမ့်မယ်။

အဲဒီနောက် သင့်မိန်းမဟာ လူကောင်းတစ်ယောက်ကိုလက်ထပ်ပြီး

သင့်ကိုမေ့သွားနိုင်ပါလိမ့်မယ်........။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com