Thursday, October 7, 2010

“ ယူတတ်သူက အမြဲတမ်း ပိုရ…”



တစ်ခါတုန်းက ညီအကို နှစ်ယောက်ရှိတယ်။

အဖေကတော့ အရက်ကို အလွန်ကြိုက်တတ်တဲ့ အရက်သမားတစ်ဦးဖြစ်ပါတယ်။

အကိုကြီးကတော့ အဖေခြေရာနင်းပြီး အရက်ကိုကြိုက်တတ်သူဖြစ်လာပါတယ်။

အဖေလိုပဲ အရက်ကိုအလွန်သောက်တတ်သူဖြစ်လာပါတယ်။


ညီငယ်ကတော့ အရက်ကို လုံးဝမသောက်ပါ။

ပညာကိုအလွန်ကြိုးစားသူတစ်ဦးဖြစ်လာပါတယ်။

ဒါကြောင့်လည်း ဆရာဝန်တစ်ဦးဖြစ်လာပါတယ်။


ကာလအတန်ကြာတော့ အရက်သောက်တဲ့အဖေဟာ

အရက်ကြောင့် အသည်းရောဂါဖြစ်ပြီး ကွယ်လွန်သွားပါတယ်။

ညီအကို နှစ်ဦးစလုံးဟာအရွယ်ရောက်လာပြီး အိမ်ထောင်ကျပါတယ်။

စိတ်ပညာရှင်တွေက ဒီညီအကိုနှစ်ယောက်ကိုတွေ့တော့

စိတ်ဝင်စားပြီး မေးခွန်း တွေကို မေးပါတယ်။


စိတ်ပညာရှင်က အကိုကြီးကို မေးပါတယ်။

ခင်ဗျားက ဘာကြောင့်အရက်စွဲသူဖြစ်လာတာလဲ…”


အဖေကြောင့်ပေါ့ဗျာ၊

ဒီလို အဖေဆီက ဒါကလွဲလို့ ဘာများမျှော်လင့်နိုင်မှာလဲ


လို့အရက် မူးမူးနဲ့ ပြန် ဖြေပါတယ်။


ညီငယ်ကို တွေ့ပြီး စိတ်ပညာရှင်ကမေးခွန်းမေးပြန်ပါတယ်။

ခင်ဗျားက ဘာကြောင့် အရက်လုံးဝမသောက်ပဲ ဆရာဝန်ဖြစ်လာတာလဲ..”

လို့မေးပြန်ပါတယ်။


ညီငယ်က


အဖေကြောင့်ပေါ့ဗျာ….အဖေ့ဆီက ဒီအမွေကိုရလာတာပါ


လို့ ပြန်ဖြေပါတယ်။


တစ်ဦးတည်းဖြစ်တဲ့အဖေဆီက ညီအကို နှစ်ယောက်ဟာ

ယူပုံယူနည်းများမတူကြတော့တဲ့အခါ ရပုံချင်းလည်းမတူတော့ပါလေ။

ယူတတ်သူက အမြဲတမ်း ပိုရပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com