Thursday, November 18, 2010

“ ယုံရခက်ကြီး…”


တစ်ခါတုန်းက

ကိုအေးကိုက သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ ကိုမင်းအောင်ကို

သူနဲ့အတူ ညစာလိုက်စားရန် အိမ်ကို ဖိတ်ခေါ်လာတယ်။

အိမ်ခန်းထဲ ဝင်ဝင်လာချင်း ကိုအေးကိုက

သူရဲ့ဇနီးသည် မနန်းခိုင်ကို

မင်း ဒီနေ့ သိပ်လှတာပဲ

လို့ပြောလိုက်ပါတယ်။

ပြီးတော့ ဇနီးသည်ကို နမ်းလိုက်ပါတယ်။


ညစာကို အားရပါးရစားကြပြီး

ကိုအေးကို က

သူ့ရဲ့ဇနီးသည်ကို ဟင်းချက်ကောင်းတဲ့အတွက်

ချီးကျူးပြီး ထပ်နမ်းပြန်တယ်။


ကိုအေးကိုရဲ့ဇနီးသည်

အိုးခွက်ပန်းကန်များကို မီးဖိုချောင်တွင် သွားဆေးကြောချိန်မှာ

ကိုမင်းအောင်က မေးတယ်။


မင်းမိန်းမကို မင်း ဒီလိုပဲ အမြဲတမ်း ဆက်ဆံသလားကွ


ဟုတ်တယ်၊

ဒီလိုဆက်ဆံတာဟာ

ငါတို့ရဲ့ အိမ်ထောင်ရေး ပျော်ရွှင်ချမ်းမြေ့မှုကို အများကြီး

အထောက်အကူဖြစ်စေတယ်ကွ


ကိုအေးကို အားကျပြီး

သူ့အတိုင်းလိုက်လုပ်ရန် ကိုမင်းအောင်ကဆုံးဖြတ်လိုက်ပါတယ်။

ကိုမင်းအောင်ဟာ

မိန်းမရပြီးကထည်းက တစ်ခါမှတော့မလုပ်ခဲ့ဖူးပါ။


နောက်တစ်နေ့

ကိုမင်းအောင် အလုပ်မှ ပြန်လာတဲ့အခါ

ဇနီးသည် မနန်းဖေါင်းကို

ကိုမင်းအောင်က သိုင်းဖက်လိုက်ပြီး ဖွဖွလေး နမ်းလိုက်တယ်။

နှုတ်ကလည်း ပြောတယ်။

မင်း ဒီနေ့ တယ်လှပါလားမိန်းမရေ၊

ဒီလို မိန်းမမျိုး ရထားတဲ့အတွက်

ငါ့လောက် ကံကောင်းတဲ့လူ ဒီဇမ္ဗူမှာ ရှိမယ် မထင်ဘူးဟေ့


ကိုမင်းအောင်ကို

လုံးဝ မယုံကြည်နိုင်ဟန်နဲ့ မနန်းဖေါင်းက

မျက်လုံးကလယ်၊ကလယ်နဲ့ ပြူးပြီးကြည့်တယ်။

အဲဒီနောက်မှာတော့

ချုံးပွဲချ ငိုချလိုက်ပါတယ်။


ဟဲ့ ဟဲ့ ဘာဖြစ်လို့ ငိုရတာတုံး

ကိုမင်းအောင်က အံ့သြသံနဲ့ မေးလိုက်တယ်။

ခြေမကိုင်မိ၊ လက်မကိုင်မိလည်း ဖြစ်သွားတယ်။


မနန်းဖေါင်းက ငိုကြီးချက်မနဲ့ ပြောလိုက်တာက


ဘဝ အကျိုးပေး မကောင်းပါလား အရပ်ကတို့ရေ၊

ဒီနေ့တစ်နေ့လုံး

စိတ်မချမ်းသာစရာတွေချည်း တွေ့နေရပါလား၊

မနက်က အငယ်ကောင်

အဆော့လွန်ပြီး နှာခေါင်းရိုး ကျိုးသွားတယ်။

ဆေးခန်းပို့ရတယ်။

ပန်းကန်စင်ကို ကြောင်တက်လို့ ပန်းကန်တွေ ကွဲကုန်တယ်။

နောက် အဝတ်လျှော်စက် ပျက်ပြန်တယ်။

အခု ယောက်ျားလုပ်တဲ့သူက အရက်မူးပြီး ပြန်လာတယ်။

ကျမအဖြစ်ကဆိုးလိုက်တာနော်ဟီးးး ဟီးးး ဟီးးး

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com