နယူးယောက်မြို့ရှိ
ဆိုးသွမ်းလူငယ်များအားတရားစီရင်တဲ့ တရားရုံးတစ်ခုတွင်
အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ဖခင်တစ်ဦးက       
“ သူနဲ့သူ့ဇနီးတို့ဟာ သူတို့သားလူဆိုးလူတေ       မဖြစ်အောင် 
လုပ်ခဲ့သမျှ       သဲထဲရေသွန်သလို အဟောသိကံ       ဖြစ်ရကြောင်း”
 ညည်းညည်းညူညူပြောပါတယ်။
ဖခင်က
“ တရားသူကြီးမင်းခင်ဗျား၊ 
ကျနော်တို့       ဒီကလေးကို လက်လျှော့ရပါတော့မယ်။ 
သူ့ကို       အမွေပြတ်ဖြတ်ရပါတော့မယ်။
သူ့အတွက်       နောက်ထပ် ဘာလုပ်ပေးနိုင်မယ်ဆိုတာ မမြင်တော့ပါဘူး။ ”
လို့ ပြောပါတယ်။
တရားသူကြီးက...
“ ခင်ဗျားရဲ့သားကို အခု စွန့်လွှတ်လိုက်ရင် 
ခင်ဗျားတို့       သူ့ကို ထာဝရ       ဆုံးရှုံးရပါလိမ့်မယ်။ 
ခင်ဗျားတို့အပေါ် ယုံကြည်အားထားခြင်းဆိုတဲ့       
နောက်ဆုံးပိတ် သံယောဇဉ်ကြိုးတန်းလေးကို
       ဖြတ်ပစ်ရာရောက်ပါလိမ့်မယ်။ ”
လို့  
စိတ်ပျက်နေတဲ့ ဖခင်ကို ပြန်ပြောလိုက်ပါတယ်။

 
 

No comments:
Post a Comment