Thursday, November 18, 2010

“ ရန်ပွဲ…”



ကျနော်တို့နေတဲ့ရပ်ကွက်ဟာ ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်ဖြစ်တယ်။

ကျနော်နေထိုင်တဲ့ အိမ်ကလည်း ရပ်ကွက်အရက်ဆိုင်နဲ့

သုံးအိမ်သာခြားပါတယ်။

ဒီတော့ ရန်ပွဲကို နေ့တိုင်းနီးပါးတွေ့ကြုံနေရပါတယ်။

သွေးသံရဲရဲကတော့ ဗီဒီယို ကြည့်စရာမလို။

ယောက်ျားချင်းဖြစ်တဲ့ရန်ပွဲကတော့ မြင်ပါများတဲ့အတွက် ရိုးနေပါပြီ။


တစ်ရံတစ်ခါမှာတော့

ရန်ပွဲတွေထဲမှာ မိန်းမအချင်းချင်းဖြစ်တဲ့ရန်ပွဲကို တွေ့ကြုံရပါတယ်။

အဲဒီအထဲက စိတ်ဝင်စားဖွယ်ရန်ပွဲတစ်ခုကို ပြောပြချင်ပါတယ်။

အိမ်နီးချင်း အိမ်ရှင်မ နှစ်ယောက် စကားများပြီးရန်ဖြစ်နေကြပါတယ်။


ဟဲ့မမဲတူ၊

ငါ့ ငါးပိအိုးကို နင် ခွဲပစ်လိုက်ပြီထင်တယ်။

ဒါကြောင့် ခုထိပြန်မပေးတာ မဟုတ်ဘူးလား၊

နင် မရှက်ဘူးလား


နင် ဒီလို မပြောနဲ့ မကြိုင်၊

တစ်အချက်ကနင့်ဆီက ငါးပိအိုးကို ငါ မယူဘူး၊

နှစ်အချက်ကနင့်ငါးပိအိုးဟာ အစကတည်းက ကွဲနေပြီးသား၊

သုံးအချက်ကငါပြန်ပေးပြီးတာ ကြာလှပြီ

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com