Thursday, November 18, 2010

“ သားသမီးဆိုတာ အဖိုးအတန်ဆုံးရတနာ…”



ကော်နယ်လီယာဟာ
စိတ်ထားမြင့်မြတ်တဲ့ ရောမအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
သူမဟာ အင်ပါရာဘုရင်ကြီးရဲ့မိဖုရားဖြစ်တယ်။
သူမတွင် သားငယ်လေး နှစ်ဦးရှိတယ်။
အဲဒီသားတွေကို အလွန်မြတ်နိုးချစ်ခင်ပြီး
သူတို့အတွက် ဂုဏ်ယူမဆုံးဖြစ်ပါတယ်။
အခြားကလေးတွေ ဆုံးပါးကုန်ပြီဖြစ်တဲ့အတွက်
အဲဒီကလေးနှစ်ဦးကို အထူး ချစ်ခင်မြတ်နိုးပါတယ်။

တစ်နေ့မှာတော့
အခြားရောမလူမျိုး မင်းမျိုးမင်းနွယ်တစ်ဦး အလည်ရောက်လာပါတယ်။
သူမနဲ့အတူ ပါလာတဲ့ တန်ဖိုးထိုက်တဲ့ ရတနာတွေကို
အိမ်ရှင် ကော်နယ်လီယာကို ပြသပါတယ်။
ဧည့်သည်အမျိုးသမီးက သူပိုင်ရတနာတွေပြပြီး
ကော်နယ်လီယာအား
သူမပိုင် ရတနာကို ပြရန် တောင်းဆိုပါတယ်။

အဲဒီအခါ အခန်းထဲပြေးဝင်လာတဲ့
ကလေးငယ်နှစ်ဦးကို လက်ညှိုးထိုးပြီး
အဲဒါတွေက ကျမရဲ့ ရတနာတွေပါပဲ
လို့ပြောလိုက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com