တစ်ခါတုန်းက
 အလွန်အကြွားသန်တဲ့ 
တက်ဆက်ပြည်နယ်သားတစ်ဦးရှိပါတယ်။
သူပိုင်တဲ့ ခြံမှာ အလွန်ကျယ်ဝန်းကြောင်း
သူရဲ့မိတ်ဆွေ အင်္ဂလိပ်လူမျိုးကို ရှင်းပြပါတယ်။
“ ကျနော့်ခြံက ဘယ်လောက်ကျယ်သလဲဆိုရင်၊ 
မနက်စောစော အိပ်ရာကထပြီး၊ကျနော့်ကားနဲ့
 ခြံတစ်ပတ်မောင်းတာ၊ 
ညနေ နေဝင်တဲ့အထိ အိမ်ကို ပြန်မရောက်ဘူး၊ 
အဲဒီလောက် ကျယ်ပါတယ် ”
လို့ ကြွားလိုက်ပါတယ်
အဲဒီအခါ နားထောင်နေတဲ့ အင်္ဂလိပ်လူမျိုးက
 
“ ခင်ဗျားပြောတာ 
ကျနော်ကောင်းကောင်းသဘောပေါက်ပါတယ်၊
ဘာကြောင့်လဲဆိုတော့ 
ကျနော့်မှာလည်း အဲဒီလို ကားမျိုး တစ်စီးရှိထားလို့ပါ ”
လို့ ပြန်ပြောလိုက်ပါတယ်။

 
 

No comments:
Post a Comment