ဗိုလ်မှူးကြီး ဟာ မကြာခဏ တပ်များကို စစ်ဆေးလေ့ရှိပါတယ်။
တပ်များကို လိုက်လံစစ်ဆေး တဲ့ ဗိုလ်မှူးကြီး ရောက်မလာခင် 
တပ်စုမှူးက 
အမှားအယွင်းမဖြစ်အောင် ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
“ သေသေချာချာ မှတ်ထားကြ၊
ဗိုလ်မှူးကြီးဟာ မေးခွန်းသုံးခုကိုပဲ
အမြဲမေးလေ့ရှိပါတယ်။ 
တစ်က “ မင်းအသက်ဘယ်လောက်လဲ…”
နှစ်က “တပ်ထဲမှာ ဘယ်လောက်ကြာပြီလဲ” 
သုံးက “ စစ်သားဘဝ နဲ့ အရပ်သားဘဝ ဘယ်ဟာကို ပိုကြိုက်သလဲ ”
ဆိုတဲ့မေးခွန်းတွေပဲ။
 
ဒီတော့ ပထမမေးခွန်းကို “၂၁-နှစ်”။
ဒုတိယမေးခွန်းကို “၆-လ”။ 
တတိယမေးခွန်းကို “နှစ်ခုစလုံး”
လို့ ဖြေကြရမယ်။
သေသေချာချာ မှတ်ထားကြနော်။
မမှားစေနဲ့”လို့ အမိန့်ပေး ညွှန်းကြားနေပါတယ်။
ဗိုလ်မှူးကြီး ရောက်လာပါတယ်။
တန်းစီနေတဲ့ စစ်သားများ ရှေ့ဖြတ်လျှောက်ရင်း တစ်ယောက်ကို မေးတယ်။
ဒီတစ်ခါတော့ ဗိုလ်မှူးကြီးက ဘာစိတ်ကူးပေါက်သွားသလဲ မသိပါ။ 
မေးခွန်း အစီအစဉ်ပြောင်းသွားပါတယ်။
 “တပ်ထဲမှာ ဘယ်လောက်ကြာပြီလဲ ”
တပ်သားက “၂၁-နှစ်ပါ”
ဗိုလ်မှူးကြီးက
“မင်းအသက် ဘယ်လောက်လဲ” 
“ခြောက်လ”
ဗိုလ်မှူးကြီးဟာ စိတ်ရှုတ်သွားတယ်။
ဒါနဲ့ပဲ တပ်သားနားကပ်ပြီး ရင်းရင်းနှီးနှီးဖြင့်ပြောလိုက်တယ်။
“မင်း ဘယ်လိုထင်တုံး၊ 
မင်း ခေါင်းချောင်နေသလား၊
ဒါမှမဟုတ် 
ငါ့ခေါင်းပဲ ချောင်နေသလားကွ ဟေ”
တပ်သားပြန်ဖြေလိုက်တာက
 “နှစ်ခုစလုံးပါ ”

 
 

No comments:
Post a Comment