Wednesday, October 27, 2010

“ အတင်းအကြပ် မလုပ်ပါနဲ့…”



အဘဦးလှမြင့်ဟာ သူ့ရဲ့ မြေးငယ်လေးတစ်ဦးနဲ့

ပင်လယ်ကမ်းခြေ သဲသောင်ပြင်တစ်လျှောက်လမ်းလျှောက်လာကြတယ်။

အဲဒီလို လမ်းလျှောက်နေတုန်း လိပ်လေးတစ်ကောင်ကို တွေ့ကြပါတယ်။


မြေးငယ်လေးက

သူတွေ့တဲ့လိပ်ကလေးကို စိတ်ဝင်စားပြီးအသေအချာ လေ့လာပါတယ်။

လိပ်ရဲ့ခေါင်းဟာ ဝင်သွားတဲ့အတွက် ထွက်အောင်ဆိုပြီးတုတ်တစ်ချောင်းကိုယူပြီး

လိပ်ရဲ့ခေါင်း ကို ဖွင့်ကြည့်ဖို့ ကြိုးစားပါတယ်။

ဘာလိုလုပ်လုပ် ခေါင်းကထွက်မလာတော့ ဒေါသဖြစ်ပြီး

လိပ်ရဲ့ အခွံတစ်ခုလုံးကို ဖွင့်ကြည့်ဖို့လုပ်ပြန်ပါတယ်။


အဖိုးက

မြေးလေး အဲဒီလိုလုပ်လို့ မြေးလေး သိချင်တာသိမှာ မဟုတ်ဘူး၊ ဖိုးဖိုးပြမယ်။

လို့ ပြောပါတယ်။


မြေးအဖိုး နှစ်ဦးသား အိမ်ကို ပြန်လာကြတယ်။

အဖိုးက ယူလာတဲ့ လိပ်ကလေးကို မီးဖိုနားမှာ ထားလိုက်ပါတယ်။


ခဏကြာတော့

လိပ်ကလေးရဲ့ ခေါင်းနဲ့ ခြေလက်များထွက်လာပါတယ်။

လိပ်ကလေးဟာ မြေးငယ်လေးဆီကို လျှောက်လာပါတယ်။

မြေးငယ်လေးက လိပ်ကိုစိတ်ဝင်တစား လေ့လာကြည့်နေပါတယ်။


ဒါနဲ့အဖိုးက မြေးငယ်လေးကို

တစ်ခုခုလုပ်ဖို့ တစ်ဖက်သားကို အတင်းအကြပ်မလုပ်ခိုင်းပါနဲ့။

ကြင်နာနွေးထွေးစွာ ဆက်ဆံလိုက်ပါ။

တုန့်ပြန်လာနိုင်ပါတယ်။

လို့ ဆုံးမစကားပြောလိုက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com