Tuesday, October 26, 2010

“ မပေါင်းလည်းခက်၊ ပေါင်းလည်းခက်...”




တစ်ခါတုန်းက ယောက်ျားတွေကို ဖန်းဆင်းပြီးတဲ့အခါ

ဒြပ်အထည်ရှိတဲ့ အခြေခံအရာများအားလုံး အသုံးပြုခဲ့တာကို

ဖန်ဆင်းရှင်က သတိထားမိပါတယ်။

မိန်းမကိုဆက်လက်ဖန်ဆင်းဖို့အတွက် တိကျခိုင်မာ ကျစ်လစ်တဲ့အရာ၊

ဘာမှ မရှိတာကိုလည်း သတိထားမိပါတယ်။

အချိန်ကြာကြာ စဉ်းစားပြီးနောက်

ဖန်ဆင်းရှင်ဟာ အောက်ပါ ဒြပ်မဲ့အရာများကို ရွေးချယ်ပေါင်းစပ်ပြီး

မိန်းမကို ဖန်ဆင်းပေးခဲ့ပါတယ်။

လစန္ဒာရဲ့ ဝန်းဝိုင်းမှု၊

တွယ်ကပ်တက်တတ်တဲ့ နွယ်ပင်ရဲ့အခြေအနေအရ ပြောင်းလဲပြုပြင်လွယ်မှု၊

မြက်ပင်ကဲ့သို့ တုန်လှုပ်ယိမ်းနွဲ့တတ်မှု၊

ကျူပင်ကဲ့သို့သေးသွယ်မှု၊

ပန်းများကဲ့သို့လှလှပပပွင့်တတ်မှု၊

သစ်ရွက်ကလေးများကဲ့သို့ ပေါ့ပါးမှု၊

နေရောင်ခြည် ကဲ့သို့ တည်ငြိမ်မှု၊

တိမ်လွှာများကဲ့သို့ မျက်ရည်လွယ်မှု၊

လေကဲ့သို့ အတည်မဲ့မှု၊

ယုန်ကလေးတစ်ကောင် ကဲ့သို့ ကြောက်အားပိုမှု၊

ဥဒေါင်းငှက် ကဲ့သို့ ကြော့ရှင်းတင့်တယ်မှု၊

ငှက်တို့ရဲ့ ရင်မွှေးကဲ့သို့ နူးညံ့ပျော့ပျောင်းမှု၊

စိန် ကဲ့သို့ မာကျောမှု၊

ပျားရည်ကဲ့သို့ ချိုမြမှု၊

ကျားတစ်ကောင် ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှု၊

မီး ကဲ့သို့ ပူလောင်စေတတ်မှု၊

နှင်း ကဲ့သို့ အေးမြစေမှု၊

သပိတ်လွယ်ငှက် ကဲ့သို့ စကားများမှု၊

နိုက်တင်ဂေး (nightingale )ငှက် ကဲ့သို့ သာယာစွာ တေးဆိုတတ်မှု၊

မိခင်ခြင်္သေ့မ တစ်ကောင် ကဲ့သို့ သစ္စာရှိမှု၊

စတဲ့ ဒြပ်မဲ့ အရည်အသွေးတွေ အားလုံးကို

ပေါင်းစပ်ပြီး မိန်းမကို ဖန်ဆင်းလိုက်ပါတယ်။

အဲဒီနောက် ဖန်ဆင်းပြီးတဲ့ မိန်းမကို

ပထမဖန်ဆင်းထားတဲ့ ယောက်ျားလေးကို ပေးလိုက်ပါတယ်။


သီတင်းတစ်ပတ်ခန့်ကြာတဲ့အခါ ယောက်ျားဟာ ဖန်ဆင်းရှင် ဆီကိုပြန်လာပြီး

အရှင်ဖန်ဆင်းပေးလိုက်တဲ့သူဟာ ကျွန်ုပ်အားမပျော်မရွှင်ဖြစ်စေပါတယ်။

စကားကို မနားတမ်းပြောပါတယ်။

သီးမခံနိုင်လောက်အောင်လည်း နှိပ်စက်ပါတယ်။

သူမရောက်လာကတည်းက တစ်ခါမှ အနားမရပါ။

အချိန်ပြည့် သူမကိုသာ အာရုံစိုက်စေချင်ပါတယ်။

ကျွန်ုပ်ရဲ့အချိန်တွေ သိပ်ကုန်ဆုံးစေပါတယ်။

ဘာမဟုတ်တဲ့ ကိစ္စလေးတွေအတွက်လည်း ငိုတတ်ပါတယ်။

အပျင်းလည်းထူပါတယ်။

ကျွန်ုပ် သူမနဲ့ အတူ ဆက်မနေနိုင်တော့ပါ။

ဒါကြောင့် အရှင့်ထံပြန်ပေးဖို့ ရောက်လာပါတယ်။


လို့ ယောက်ျားကပြောပါတယ်။

ဖန်ဆင်းရှင်ကကောင်းပါပြီလို့ဆိုပြီ

သူဖန်ဆင်းခဲ့တဲ့ မိန်းမကို ပြန်လက်ခံထားပါတယ်။

နောက်တစ်ပတ်အကြာမှာတော့

ယောက်ျားဟာ ဖန်ဆင်းရှင်ဆီ ရောက်လာပြန်ပါတယ်။


အရှင်ဖန်ဆင်းပေးတဲ့ မိန်းမ မရှိတဲ့နောက်ပိုင်း

ကျွန်ုပ်ရဲ့ဘဝဟာ ဟာတာတာကြီးဖြစ်နေပါတယ်။

ကျွန်ုပ်ဟာ သူမအကြောင်းပဲ အမြဲစဉ်းစားနေမိပါတယ်။

သူမ…..ဘယ်လိုကတယ်။

ဘယ်လို သီချင်းဆိုတယ်။

မျက်လုံးလေး ထောင့်ကပ်ပြီး ကျွန်ုပ်ကို ဘယ်လိုကြည့်တယ်။

ကျွန်ုပ်နဲ့ ဘယ်လိုစကားတွေ ပြောတာတွေကို အမြဲစဉ်းစားနေမိပါတယ်။

သူမကြည့်ရတာ လှသလောက်၊

သူမရဲ့အထိအတွေ့တွေဟာလည်း အလွန်နူးညံ့လှပါတယ်။

သူ့အနေနဲ့ သဘောကျပြီး တခစ်ခစ်ရယ်မောတာကို မြင်ချင်၊ကြားချင်နေပါတယ်။

ဒါကြောင့် အရှင်ဖန်ဆင်းထားတဲ့ အမျိုးသမီးကို ကျွန်ုပ်ကို ပြန်ပေးပါ


လို့ ယောက်ျားက ဖန်ဆင်းရှင်ဆီမှာ လာရောက်တောင်းခံပါတယ်။

အဲဒီအခါ ဖန်ဆင်းရှင်က

ကောင်းပြီလို့ပြောပြီး ဖန်ဆင်းထားတဲ့ မိန်းမကို ပြန်ပေးလိုက်ပါတယ်။

နောက်ထပ်သုံးရက်ကြာတဲ့အခါ ဖန်ဆင်းရှင်ဆီရောက်လာပြန်ပါတယ်။


အို အရှင်၊ ကျွန်ုပ်တော့ ဘယ်လိုရှင်းပြရမယ်ဆိုတာတောင် မသိတော့ပါဘူး။

အရှင်ပေးလိုက်တဲ့ လူနဲ့အတူ နေခဲ့ရတဲ့ အတွေ့အကြုံ အားလုံးကို ခြုံလိုက်ရင်

သူမက ကျွန်ုပ်ကို ပျော်ရွှင်အောင်ထက် စိတ်ညစ်အောင် ပိုလုပ်ပါတယ်။

ဒါကြောင့်သူမကို ပြန်ယူပါရန် မေတ္တာရပ်ခံပါတယ်။


လို့ပြောပြန်ပါတယ်။


အဲဒီအခါ ဖန်ဆင်းရှင်က

အေး မင်းဟာ သူမ မရှိရင်လည်း မနေနိုင်ဘူးမို့လား

လို့ပြောပြီး လူယောက်ျားဘက်ကိုကျောပေးပြီး

လုပ်လက်စအလုပ်ကိုသာ ဆက်လုပ်နေပါတော့တယ်။

လူယောက်ျားက

အိုအရှင် ကျွန်ုပ်ဘာလုပ်ရမလဲဆိုတာ မသိတော့ပါဘူး။

သူမနဲ့လည်း အတူတူမနေနိုင်ပါဘူး။

သူမ မရှိရလည်း မနေနိုင်တော့ပါဘူးလို့ ပြောလိုက်ပါတော့တယ်။


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com