တစ်ခါတုန်းက ကိုတင်ဝင်းဟာ
ဆေးဝယ်ပြီး ပန်းကမ္ဘာဆိုတဲ့ဆေးဆိုင်မှ ထွက်လာတယ်။
ဆေးရောင်းသူ
မဥမ္မာခင်ဟာ ကိုတင်ဝင်းရဲ့နောက်ကို ပြေးလိုက်လာပါတယ်။
“ခဏနေပါအုန်း၊
စောစောက ရှင် ကျမတို့ဆိုင်က
ချောင်းဆိုးပျောက်ဆေး ဝယ်သွားတယ်။
အဲဒီဆေးကို ပြန်ပေးပါရှင်”
“ဘာဖြစ်လို့လဲ”
“ကျမဆေးမှားပြီး
ဝမ်းနုတ်ဆေး ပေးလိုက်မိလို့ပါ”
“ကျနော် သောက်လိုက်ပြီဗျ”
“အဲဒါဆို နောက်ထပ်
ငွေ တစ်ရာ ထပ်ပေးပါ”
No comments:
Post a Comment