လို့ပြောခြင်းဟာ
 ပြောသူ၊ နာသူနှစ်ဦးလုံးအတွက် ကြည်နူးစရာဖြစ်ပါတယ်။
ကျေးဇူးတင်ကြောင်းပြောသူကို
အပြောခံရသူက မမေ့နိုင်ပါ။
နောက်တစ်ကြိမ်ပြန်တွေ့ကြတဲ့အခါတွင်
 ဝမ်းမြောက်ဝမ်းသာ အကျိုးပြုတတ်ပါတယ်။
ကျေးဇူးတင်ခံရသူဟာ ကျေးဇူးစကားပြောသူကို
 တစ်ခုခုပြုလုပ်ပေးရန် ရှိနေတဲ့အလား ခံစားကြပါတယ်။
ကျေးဇူးတင်ကြောင်းပြောတဲ့အခါ
အပြောခံရသူမှာလည်း ဝမ်းသာပီတိဖြစ်ရပါတယ်။
 
သူတို့ဟာ လုပ်နေကျအလုပ်ကို လုပ်နေသော်လည်း 
ကျေးဇူးတင်ကြောင်း ကြားရပြီးနောက်တွင်
 လုပ်နေကျအလုပ်ဟာ ပိုမိုစိတ်ဝင်စားစရာကောင်းပြီး 
လုပ်ရကိုင်ရ လွယ်ကူလာတတ်ပါတယ်။
“ ကျေးဇူးတင်ပါတယ်…”
ဆိုတဲ့စကားဟာ ချက်ချင်း ကျေးဇူးပင်ပေါက်၍ 
ကျေးဇူးအကျိုးဖြစ်ပေါ်စေတတ်ပါတယ်။
ကျေးဇူးတင်ကြောင်း အပြောခံရတဲ့လူတစ်ယောက်ရဲ့ 
ပထမလုပ်ဆောင်ချက်မှာ အခြားလူတစ်ယောက်ယောက်ကို  
“ ကျေးဇူးတင်ပါတယ်…”
လို့ပြောဆိုဖို့ပင်ဖြစ်ပါတယ်။
ဒီနည်းအားဖြင့် ကျေးဇူးတရား ကွင်းဆက်ဟာ 
ဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်။
အထူးသဖြင့် ကျေးဇူးစကားကို
မိမိလေးစားတဲ့ မိမိရဲ့ အထက်လူကြီးဆီက
ကြားရတဲ့အခါ ပိုပြီးအားတက်စရာဖြစ်ပါတယ်။
မိဘက သားသမီးကို ကျေးဇူးတင်ကြောင်းပြောခြင်း၊
အလုပ်ရှင်ကအလုပ်သမားများကို ကျေးဇူးတင်ကြောင်းပြောခြင်း၊
ဆရာက တပည့်များကို ကျေးဇူးတင်ကြောင်းပြောခြင်း၊
တို့ဟာ 
ကျေးဇူးတင်စကား ကြားရသူများအတွက် 
အလွန့်အလွန် ကြည်နူးစရာ၊အားတက်စရာဖြစ်စေပါတယ်။
လူစိမ်းတွေကိုတော့
“ ကျေးဇူးတင်ပါတယ် ”
လို့ပြောကြပြီး၊
 နီးနီးကပ်ကပ်နေထိုင်သူ အချင်းချင်းကျတော့ 
ဘာကြောင့် 
“ ကျေးဇူးတင်ပါတယ်။ ”
လို့ မပြောကြတာပါလိမ့်နော်…။
စဉ်းစားလို့ကို မရဘူး.............။

 
 

No comments:
Post a Comment