Friday, October 8, 2010

“ ပစ္စုပ္ပန်တည့်တည့်…”



အင်္ဂလိပ်လူမျိုး၊ဝတ္တုရေးဆရာ မာဂရက်စတရွန်း ဂျိုဒ်းမ်စွန်က

ကျွန်ုပ်တို့ အများစုဟာ

မိနစ် ၆၀မှာ ၅၈-မိနစ်ကို အတိတ်ကအကြောင်းများအတွက်

စမြုံ့ပြန်ရင်းအချိန်ကုန်တတ်ပါတယ်။

ဆုံးရှုံးသွားခဲ့တဲ့ အတိတ်က ပျော်ရွှင်စရာကိစ္စများ၊

သို့မဟုတ်

မှားမှားယွင်းယွင်းလုပ်ခဲ့မိတဲ့အတွက် အရှက်ရစရာကိစ္စများ၊

(ယင်းကိစ္စနှစ်ရပ်လုံးဟာ သုံးမရတော့တဲ့ ကိစ္စများ၊

အင်အားပျော့ညံ့ချိနဲ့စေတဲ့ ကိစ္စများသာဖြစ်ပါတယ်။)

ဒါမှမဟုတ် အနာဂတ်မှာ မျှော်လင့်ထားတဲ့ မျှော်လင့်ချက်များ၊

သို့မဟုတ်

ရင်ဆိုင်ရမှာ ကြောက်တဲ့ကိစ္စများအကြောင်း စဉ်းစားပြီး အချိန်ကုန်လွန်တတ်ကြပါတယ်။

တကယ် အသက်ရှင်နေထိုင်ရမယ့် နည်းလမ်းမှာ

အသက်ရှင်နေထိုင်ခွင့်ရတဲ့ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို

နောက်ထပ်တစ်ကြိမ် ထပ်မတွေ့နိုင်တဲ့ အံ့သြစရာ ဖြစ်ရပ်ကဲ့သို့ လက် ခံရန်ဖြစ်ပါတယ်။

စက္ကန့်တိုင်း၊ မိနစ်တိုင်းမှာ အံ့သြစရာဖြစ်ပြီး

ထိုအံ့သြစရာများမှာ တစ်ခုနှင့်တစ်ခုလည်း ထပ်ခြင်းမရှိပါ။

သင်လုပ်ရမယ့် အလုပ်ကို သင်လုပ်ကိုင်ပါ။

ကစားရမယ့်အချိန်မှာ ကစားပါ။

မျက်ရည်ကျရမယ့်အချိန်မှာ မျက်ရည်ကျပါ။

ရယ်စရာ၊ဟားစရာတွေ့ရင် ရယ်ပါ။

သင့်ဘဝကို လက်တွေ့ကျကျနေရမယ့် အချိန်ဟာ


မျက်မှောက်ကာလ၊

ပစ္စုပ္ပန်တည့်တည့်အချိန်၊

ပင် ဖြစ်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com