လူငယ်တစ်ဦးဟာ သူ အလုပ်လုပ်နေတဲ့ လုပ်ငန်းမှ 
ဒေါ်လာရာပေါင်း တော်တော်များများကို လျှို့ဝှက်စွာ အလွဲသုံးစားပြုခဲ့ပါတယ်။ 
စစ်ဆေးသိရှိသွားသောအခါ အထက်အရာရှိက 
ထိုလူငယ်အား သူ့ရုံးခန်းကို ခေါ်ပါတယ်။ 
လူငယ်ကချက်ချင်းသိလိုက်တာကတော့ သူ့အားအလုပ်ရှင်က
အလုပ်ဖြုတ်ပြီး ထောင်ချတော့မယ်ဆိုတာပါပဲ။
အလုပ်ရှင်နဲ့တွေ့သောအခါ အလုပ်ရှင်က
“မင်းမှာ အပြစ်ရှိသလား”
လို့မေးပါတယ်။လူငယ်က အပြစ်ရှိကြောင်း ဝန်ခံပါတယ်။ 
အဲဒီနောက်မှာတော့ အလုပ်ရှင်ရဲ့စကားက 
သောကရောက်နေတဲ့ လူငယ်ကိုအံ့သြသွားစေခဲ့ပါတယ်။
“မင်းကို လက်ရှိတာဝန်ဆက်ပေးရင် နောက်ပိုင်းမှာ
ငါ မင်းအပေါ် ယုံကြည် လို့ရနိုင်မလား? လို့အလုပ်ရှင်ကမေးပါတယ်။
အံအားသင့်နေတဲ့ လူငယ်က
“ဟုတ်ကဲ့ပါဆရာ၊ အသေအချာ ယုံကြည်နိုင်ပါတယ်။
ကျနော် ကောင်းကောင်း သင်ခန်းစာရပါပြီ”လို့ ပြန်ဖြေလိုက်ပါတယ်။
 
လူငယ်ရဲ့ တကယ်နောင်တရသွားတဲ့ စိတ်ရင်းကို သိမြင်လိုက်တဲ့ အလုပ်ရှင်က
 “ငါ မင်းကို အပြစ်မယူပါဘူး။
လက်ရှိတာဝန်ကို ဆက်လုပ်ပါ။
ပြီးတော့ မင်းသိသင့်တာ တစ်ခုရှိသေးတယ်။
ဒီအလုပ်မှာ အခုလို စိတ်မထိန်းနိုင်လို့ 
ကျူးလွန်ပြီး အမှုပြန်ပေါ်တာမင်းဟာ ဒုတိယလူပါ။
 ငါ က ပထမဆုံးဖြစ်ခဲ့တဲ့လူပါ။
မင်းလုပ်ခဲ့တာမျိုး ငါလုပ်ခဲ့ဖူးပါတယ်။ 
မင်း အပေါ်ငါက သနားခံခဲ့သလို ငါလည်း အသနားခံရဖူးပါတယ်။ 
ဒို့ နှစ်ယောက်လုံး ချမ်းသာရတာ ဘုရားရဲ့ကျေးဇူးကြောင့်ပါပဲ။” 
လို့ပြောလိုက်ပါတယ်။
အကောင်းဆုံး မေတ္တာပြနိုင်သူတွေဟာ 
သူတို့အပေါ် မေတ္တာပြမှုကို အကောင်းဆုံး သိခဲ့သူများဖြစ်ပါတယ်။ 
ခွင်လွှတ်တတ်သူတွေဟာ ခွင့်လွှတ်ခံခဲ့ရသူများလည်းဖြစ်ပါတယ်။ 


 
 

No comments:
Post a Comment