အမေရိကန်လူမျိုး၊ ရုပ်ရှင်မင်းသား ဂျက်ဟဲရစ်ဟာ
သူ့အကြားအာရုံ ချွတ်ယွင်းနေပြီလို့ထင်နေတယ်။
ဒါကြောင့် နားအထူးကုဆရာဝန်ဆီကို သွားပြပါတယ်။ 
ဆရာဝန်ကလည်း သေသေချာချာစစ်ဆေးကြည့်ပါတယ်။
ဆရာဝန်က ရွှေချိန်သီးလေးနဲ့ ပြုလုပ်ထားတဲ့ အချိန်ပြကိရိယာလေးကို ထုတ်လာပြီး
“ဒီချိန်သီးလေးက မြည်နေတဲ့ တစ်-တောက်ဆိုတဲ့ အသံကို ခင်ဗျားကြားရဲ့လား” 
လို့မေးပါတယ်။
“ဟုတ်ကဲ့ ကောင်းကောင်းကြားပါတယ်”
လို့ ဟဲရစ်က ပြန်ဖြေပါတယ်။
ဆရာဝန်ကြီးက နာရီချိန်သီးကို တံခါးဆီယူသွားပြီး 
တံခါးနားတွင် လက်ဖြင့်ကိုင်ရင်း
“အခုကော ခင်ဗျားကြားရဲ့လား”
လို့ ထပ်မေးပါတယ်။ 
ဟဲရစ်က စူးစိုက်ပြီး နားထောင်ပါတယ်။ 
ပြီးတော့
“ဟုတ်ကဲ့၊ ကျနော်ကောင်းကောင်းကြားရပါတယ်”
လို့ ပြန်ဖြေပါတယ်။
ဆရာဝန်ကြီးက တံခါးကထွက်ပြီး အခြားအခန်းတစ်ခုထဲ ကူးသွားပြီး 
အခြားအခန်းမှ နေပြီး
“အခုကော… ခင်ဗျားကြားသလား”
လို့ လှမ်းမေးလိုက်ပါတယ်။ 
ဟဲရစ်က သေသေချာချာ နားထောင်ပြီး
 “ဟုတ်ကဲ့ ကြားရပါတယ်။”
လို့ ပြန်ဖြေပါတယ်။
အဲဒီအခါ ဆရာဝန်ကြီးက
 “ဒီမယ်၊ မစ္စတာဟဲရစ်၊ ခင်ဗျားနားကတော့ ဘာမှ မဖြစ်ပါဘူး။ 
ခင်ဗျားမကြားဘဲဖြစ်နေတာကတော့ သေသေချာချာ နားမထောင်လို့ပါ”
လို့ ပြောလိုက်ပါတော့တယ်။


 
 

No comments:
Post a Comment