Saturday, October 9, 2010

“ ငရဲ နဲ့ နတ်ပြည်...”



တစ်ခါတုန်းက
လူတစ်ယောက်ဟာ ဘုန်းတော်ကြီးတစ်ပါးဆီကိုရောက်လာပြီး

“ ငရဲ ဘာလဲ၊
နတ်ပြည်ဘာလဲ
ဆိုတာ သိချင်ပါတယ်။
တကယ်ရှိရင် ကျနော့်ကို ပြပါ ”
လို့ မေတ္တာရပ်ခံပါတယ်။

ဘုန်းတော်ကြီးက ဘာမှ မပြောဘဲ ခန်းမကြီးတစ်ခုဆီ ကိုခေါ်သွားတယ်။
အခန်းရဲ့အလယ်မှာ ဟင်းပွဲတွေအများကြီး၊စားချင်စဖွယ်ဖြစ်သလို
တစ်ခန်းလုံးလည်း ဟင်းနံ့ကမွှေးနေပါတယ်။
အခန်းထဲမှာရှိတဲ့ လူတိုင်းမှာ ဇွန်းကိုယ်စီနဲ့၊
ဟင်းကိုခပ်စားဖို့ ကြိုးစားနေသူတွေက အများကြီး၊
ဒါပေမယ့် သူတို့ရဲ့ဇွန်းတွေက
အရှည်ကြီးဖြစ်နေတယ်။
ဒါကြောင့်
ခပ်လိုက်တဲ့ ဟင်းတွေဟာ ပါးစပ်ဆီ မရောက်ခင် ပြုတ်ကျကုန်ပါလေရော။
ဘယ်သူမှ
စားရတယ်လို့မရှိဘူး။
ဒါပေမယ့် လုယက်ပြီးစားဖို့ကြိုးစားနေကြတယ်။
မြင်မကောင်းဘူး။
အကုန်လုံးက ပိန်ခြုံးခြောက်ကပ်နေကြလေရဲ့။
ဘုန်းတော် ကြီးကပြောတယ်။
“ အဲဒါ ငရဲဘဲ ”


ဘုန်းတော် ကြီးကနောက်တစ်ခန်းဆီကိုခေါ်သွားပြန်တယ်။
အဲဒီအခန်းမှာလည်း စောစောက အခန်းထဲမှာလိုပဲ ဟင်းပွဲတွေက အများကြီး၊
စားချင်စဖွယ်ဖြစ်သလို တစ်ခန်းလုံးလည်း မွှေးကြိုင်နေပါတယ်။
အဲဒီမှာလည်း အင်မတန်ရှည်တဲ့ ဇွန်းတွေကိုင်ထားတဲ့လူတွေအများကြီးရှိနေပါတယ်။
ထူးခြားတာက အရင်အခန်းလို လူတွေက ဟင်းတွေကို သု့ထက်ငါ
လုယက်စားဖို့မကြိုးစားကြဘူး။
ကိုယ့်ဇွန်းရှည်နဲ့ခပ်ပြီး အနီးဆုံးမှာရှိတဲ့လူကို
ခွန့်ကျွေးတယ်။
ပြီးတော့ အပြန်အလှန် ခွန့်ကျွေးကြတယ်။
လူတွေအားလုံးဟာလည်း
၀၀လင်လင် စားကြရတယ်။
လူတွေရဲ့မျက်နှာတွေကလည်း ပြုံးရွှင်နေကြလေရဲ့။
ဘုန်းတော် ကြီးကပြောတယ်။
“ အဲဒါ နတ်ပြည်ဘဲ...”



တကယ်တော့ ငရဲ နဲ့နတ်ပြည် ရဲ့
အဓိက ကွာခြားတာက စိတ်နေ သဘောထားပါ။
ဒါကို နားလည်ရင် ငရဲ နဲ့ နတ်ပြည်ဟာ
ကိုယ့်ရဲ့ရွေးချယ်မှု ပေါ်မှာ မူတည်ပြီး

အချိန်မရွေး
ရောက်သွားနိုင်တဲ့ နေရာတစ်ခုဆိုတာ
သဘောပေါက်မှာပါနော်။


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com