ကိုအေး  အလုပ်မှ ပြန်လာတယ်။ 
ရောက်ရောက်ချင်း မီးဖိုချောင်ဖက်ကိုသွားပြီး 
ရေခဲသေတ္တာကို ဖွင့်တယ်။
ချက်ချင်းဆောင့်ပိတ်လိုက်တယ်။
အဲဒီနောက် မိန်းမဖြစ်သူ မနန်းကို 
ဘာမပြော၊ညာမပြောနဲ့လက်သီးစာကျွေးလိုက်တယ်။
 ရုတ်တရက်ဆိုတော့
 မိန်းမဖြစ်သူ မနန်းက တုန်လှုပ်ချောက်ချားသွားတယ်။
ဘာကြောင့်ရိုက်ပါလိမ့်လို့ စဉ်းစားတယ်။
ပြန်လည်မမေးရဲပါ။
 
“အင်း…ရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ဖြစ်မှာပါ”
နောက်တစ်နေ့ ကိုအေး အလုပ်သွားသောအခါ 
မနန်းကဈေးသို့ပြေးပြီး ဖွယ်ဖွယ်ရာရာတွေ ဝယ်တာပေါ့။ 
ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ပြည့်သွားတော့တယ်။ 
ညနေရောက်တဲ့အခါ ကိုအေး
 အလုပ်မှ ပြန်လာတယ်။ 
မီးဖိုချောင်ထဲကို တန်းဝင်သွားပြီး ရေခဲသေတ္တာကို ဖွင့်တယ်။ 
ချက်ချင်းပိတ်ပြီး မနန်းကို လက်သီးစာကျွေးလိုက်ပြန်တယ်။ 
မနန်းက ရှိုက်ကြီးတငင် ငိုရင်း မနန်းက စဉ်းစားရပြန်တယ်။
“ သူကြိုက်တတ်တဲ့ ဘီယာနဲ့ အရက်မရှိလို့များလား…။
မနက်ဖြန် အကို ရုံးသွားတုန်း ဘီယာနဲ့ အရက်တွေ ဝယ်ထည့်လိုက်မယ်။ ”
နောက်တစ်နေ့ ကိုအေး ရုံးကို ထွက်သွားသွားချင်း 
ဘီယာနဲ့အရက်တွေကို ပြေးဝယ်လိုက်တယ်။
 ပြီးတော့ ရေခဲသေတ္တာထဲကို ထည့်လိုက်တယ်။ 
“ဘီယာအေးအေးလေးသောက်လိုက်ရရင် သူကို ရန်မရှာတန်ကောင်းပါရဲ့”
လို့တွေးနေမိတယ်။
ညနေဖက် ကိုအေး ပြန်လာတယ်။ 
ထုံးစံအတိုင်း မီးဖိုချောင်ဖက် သွားပြီး ရေခဲသေတ္တာကို ဖွင့်တယ်။ 
မနန်းကတော့ ရင်တမမနဲ့ စောင့်နေတယ်။ 
ရေခဲသေတ္တာဆောင့်ပိတ်သံကြားလိုက်ရတယ်။ 
ကိုအေး အခန်းထဲဝင်လာပြီး မနန်းကို လက်သီးစာကျွေးပြန်တယ်။ 
ဒီတစ်ကြိမ်တော့ မနန်းက သီးမခံနိုင်တော့ပါ။
 
“ရှင်…ကျမကို ဘာဖြစ်လို့ ရိုက်ရတာလဲ…”
လို့ ငိုရင်းနဲ့မေးလိုက်တယ်။
 
ကိုအေးပြန်ပြောတာကတော့ 
“မင်း ရေခဲသေတ္တာထဲက မီးကို ဘယ်တော့မှ ပိတ်တယ်မရှိဘူး။
 ငါ ဘယ်လောက်ရှာရှာ၊ တိုးတက်မလာတာဟာမင်းကြောင့်ပဲ။ ”
လို့ ဒေါသတကြီးနဲ့ အော်ပြောလိုက်ပါတယ်။
 
မနန်း ဘာပြန်ပြောရမှန်းမသိ။
အံသြသွားသောကြောင့် 
 ငိုဖို့ပင်မေ့သွားပါတော့တယ်။

 
 

No comments:
Post a Comment