Sunday, October 10, 2010

“အတူတူပါပဲကွယ်...”





တစ်ခါတုန်းက ဘုရားဖူးအဖွဲ့နဲ့ ပါလာတဲ့လူတစ်ယောက်က သူတော်စင်ရသေ့တစ်ပါးကိုတွေ့ပြီးမေးခွန်းတစ်ခုမေးကြည့်ပါတယ်။

“အရှင် ရသေ့ကြီးမှာ နောက်ထပ် အသက်ရှင်နေထိုင်ဖို့
တစ်ရက်သာကျန်တော့မယ်ဆိုရင်
အဲဒီနေ့ကို ဘယ်လိုများအသုံးချမှာလဲအရှင်ဘုရား”

သူတော်စင်ရသေ့ကြီးက ဖြူဖွေးနေတဲ့ သူ့ရဲ့မုတ်ဆိတ်များကို သပ်ရင်း

“အေးကွ၊ မနက်စောစောပိုင်းမှာတော့
ဘုရားရှိခိုးမယ်။
တရားရှုမှတ်မယ်။
ပြီးတဲ့အခါတော့ ရေနွေးကြမ်းနည်းနည်းသောက်မယ်။
ပြီးတဲ့အခါတော့ဥယျာဉ်ထဲက ပေါင်းပင်တွေကို သွားနှုတ်မယ်။
ပြီးတော့ အိမ်နီးချင်းတွေဆီသွားပြီး တရားဆွေးနွေးမယ်။
ပြီးတော့ ခဏလောက်အိပ်မယ်။
ပြီးတော့....”

ဘုရားဖူးက စကားဖြတ်ပြောပါတယ်။

“ခဏလေးခင်ဗျာ..”

အခု ရသေ့ကြီးပြောနေတာတွေက
နေ့စဉ်နေ့တိုင်းလုပ်နေကြ အလုပ်တွေပဲ မဟုတ်လားခင်ဗျာ”

လို့ မေးလိုက်ပါတယ်။

“အေး ဟုတ်တာပေါ့။
ဘဝရဲ့နောက်ဆုံးနေ့က အခြားနေ့တွေနဲ့
ဘာကြောင့်များကွာခြားရမှာလဲ။
ကောင်းတဲ့အလုပ်သာ လုပ်နေမယ်ဆိုရင်
အတူတူပဲ ဖြစ်သင့်တာပေါ့ကွယ်”

လို့ ရသေ့ကြီးက တည်ငြိမ်အေးဆေးစွာ ပြန်ပြောလိုက်ပါတယ်။


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com