Sunday, October 10, 2010

“ ကလဲ့စား...”




မာစီးဒီးဘင့်စ် ကားကို စတင်ထုတ်လုပ်သူ

မစ္စတာဘင့်စ် ဟာ မိမိထုတ်မယ့်
ကားအင်ဂျင်ကို စမ်းသပ်ရန်အတွက်
ကွက်လပ်ကျယ်ကြီးထဲတွင် ကားကို နောက်ဆုတ်လိုက်တယ်။
မဆုတ်ခင် ကွက်လပ်ကျယ်ကို
သူဟာသေသေချာချာကြည့်ထားပြီးဖြစ်တယ်။
ဘာအနှောင့်အယှက်မှ မရှိပါ။
သူသတိမထားမိတာကား တစ်ဖက်လမ်းရဲ့ထောင့်ချိုးတစ်နေရာမှာ
အိမ်ရဲ့အရိပ်ကို ခိုပြီးမြင်းလှည်းတစ်စီး ရပ်ထားခြင်းဖြစ်တယ်။
မြင်းလှည်းပေါ်တွင် ၀က်အူချောင်းများ၊ ကျပ်တင်အသားများဖြင့်
ပြည့်ကျပ်နေတယ်။
ပိုင်ရှင်က ဖေါက်သည်များကို လိုက်ပို့ခြင်းဖြစ်တယ်။

ရှင်းတယ်ဆိုပြီး ဘင့်စ်ကားကို နောက်ဆုတ်လိုက်တယ်။
ရပ်ထားတဲ့မြင်းလှည်းဘက်
တည့်တည့်ကြီးလာနေတာကို မြင်တော့
မြင်းဟာ အလန့်တကြား ခုန်ပေါက်တော့တယ်။
လှည်းပေါ်က အစားအသောက်များအကုန်လုံး ပြန့်ကျဲကုန်တော့တာပေါ့။

ပြသာနာတက်ပြီဆိုတာကို သိလိုက်တာနဲ့
ဘင့်စ်ဟာ
ပိုင်ရှင်ကို တောင်းပန်ကာ
ဖုံအလူးလူးဖြစ်နေတဲ့ အစာများအားလုံးကို မိမိဝယ်ပါမယ့်လို့ပြောလိုက်တယ်။
ပိုင်ရှင်ကလည်း ကျေနပ်ဝမ်းသာစွာလက်ခံလိုက်တယ်။

ဒီအဖြစ်အပျက်နဲ့ပက်သက်ပြီး ဘင့်စ်က
မိတ်ဆွေများကို အောက်ပါအတိုင်း ပြောပြပါတယ်။



“ အဲဒါဖြစ်ပြီးတဲ့နောက်
ကျုပ် အေးအေးဆေးဆေးမနေရပါဘူးဗျာ၊

ကျုပ်ကို အဲဒီလူတွေ့တိုင်း

`ကျေးဇူးတင်လိုက်တာ၊
အဲဒီနေ့က ကျနော် အရောင်းအကောင်းဆုံးနေ့ပဲဗျာ´

ဆိုပြီး အတည်ပြောသလို၊နောက်သလိုနဲ့
ကျုပ်ကို ကလိနေတယ်ဗျာ၊
ကျုပ် သူ့ကို ဘုပြန်တောချင်တာ ပါးစပ်ကိုယားနေတာပဲ။
ကိုယ့်စိတ်ကိုယ် အင်မတန် ထိန်းထားရတယ်။
သူက ဒီမြို့မှာ ပိုက်ဆံအရှိဆုံးလူမဟုတ်လား၊
ကျနော့်ကားကို ၀ယ်နိုင်တာသူ တစ်ယောက်ပဲရှိတယ်။
ကျုပ်ရဲ့ပထမဆုံးသောကားကို သူ့ကိုပဲရောင်းရမယ်၊
အဲဒီနည်းနဲ့ သူ့ကို
ကလဲ့စားချေရမယ်ဗျို့ ”

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com