ကိုတင်ဝင်းဆိုသူ ဟာအလွန်စိတ်တိုတတ်သူဖြစ်တယ်။ 
စကားတစ်ခွန်းကို နှစ်ခါပြောရရင် မကြိုက်တော့ပါ။ 
ဘုတောပြီး။ 
သူဟာ လူပျိုကြီးလည်းဖြစ်တယ်။
မိသားစုများစွာကို လုပ်ကျွေးနေသူလည်းဖြစ်တယ်။
တစ်နေ့ နယ်ကရောက်လာတဲ့ ငယ်သူငယ်ချင်းကို 
ထမင်းကျွေးချင်တယ်ဆိုပြီး ဈေးသွားဝယ်တယ်။
ကိုတင်ဝင်းက
“ ငါးသေတ္တာ သုံးဘူးပေးပါ.. ”
အရောင်းဈေးသည်အမျိုးသမီးက
 “ တရုပ်၊ ထိုင်း၊ အိန္ဒိယ၊
လို့ မေးပါတယ်။
 
ကိုတင်ဝင်းပြန်ပြောလိုက်တာက…
“ အထဲက ငါးနဲ့ ကျနော်စကားပြောမှာမှ မဟုတ်တာ၊ ကြိုက်တာသာပေးဗျာ ”
လို့ ပြန်ပြောလိုက်ပါတယ်။
ဈေးသည်အမျိုးသမီးက ပါးစပ်လေးဟပြီး 
နီးတဲ့ ငါးသေတ္တာကို 
ခပ်မြန်မြန်ယူပေးလိုက်ပါတော့တယ်။

 
 

No comments:
Post a Comment