Sunday, October 10, 2010

“ကိုယ့်ကို နိုင်တဲ့လူ...”




အယ်လီဇဘက် ကင်နီဟာ
ထင်ပေါ်ကျော်ကြားတဲ့ သြစတြေးလျသူ သူနာပြုတစ်ဦးဖြစ်တယ်။
သူမဟာ ပိုလီယိုရောဂါကို ကင်နီနည်းဖြင့် ကုသပေးမှုကို
စတင်တီထွင်ခဲ့သူ ဖြစ်ပါတယ်။
သူမဟာ အစဉ်အမြဲ ရွှင်ရွှင်လန်းလန်းနေတတ်တဲ့အတွက်
မိတ်ဆွေတစ်ဦးက

`ခင်ဗျာဟာ မွေးကတည်းက အေးအေးချမ်းချမ်း ပြုံးနေခဲ့တယ်ထင်တယ်´

လို့ ပြောခဲ့ဖူးပါတယ်။

အဲဒီအခါ ကင်နီက

`အိုး ...အဲဒီလို မဟုတ်ပါဘူးရှင်...´

လို့ ရယ်မောပြီး ပြန်ပြောတတ်ပါတယ်။

`ကျမ ငယ်ငယ်တုန်းက သိပ်ဒေါသကြီးပြီး စိတ်တိုတတ်ပါတယ်။
တစ်နေ့မှာ ဘာမဟုတ်တဲ့ ကိစ္စတစ်ခုအတွက်
သူငယ်ချင်းတစ်ဦးကို ဒေါသထွက်ခဲ့ပါတယ်။
အဲဒီတော့ ကျမရဲ့အမေက ကျမကို အကြံပေးစကားပြောခဲ့ပါတယ်။
အဲဒီတုန်းက အမေပြောခဲ့တဲ့စကားဟာ ကျမစိတ်ထဲမှာ စွဲကျန်နေပါတယ်။
ဘယ်တော့မဆို ကျမအတွက် လမ်းညွှန်လိုဖြစ်နေပါတယ်။

မေမေပြောတဲ့စကားကတော့ ....

`သမီး...
သမီးကို ဒေါသထွက်အောင်လုပ်နိုင်သူဟာ
သမီးကို နိုင်တဲ့လူပဲ..´

လို့။




No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com