Sunday, October 10, 2010

“ ကျေနပ်ပါတော့.....”





၁၇၂၇ ခုနှစ်တုန်းက
ပြင်သစ်စာရေးဆရာကြီး ဗော်လ်တိုင်းယားဟာ
လန်ဒန်ကို ရောက်လာခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ပြင်သစ်ဆန့်ကျင်ရေးစိတ်ဓါတ်
အလွန်အားကောင်းနေချိန်ဖြစ်ပါတယ်။
တစ်နေ့တော့ လန်ဒန်မြို့အတွင်း လမ်းလျှောက်နေတုန်း
သူရဲ့အနားကို လူအုပ်ကြီးကပ်လာပြီး

“ အဲဒီ ပြင်သစ်ကို သတ်၊
ဒင်းကို ကြိုးဆွဲချသတ်၊´

ဆိုပြီးအော်ဟစ်သံတွေ တစ်လမ်းလုံး ဆူညံသွားတော့တယ်။
လူအုပ်ကြီးဘက် မျက်နှာမူလိုက်ပြီး
ဗော်လ်တိုင်းယားကပြောလိုက်တာကတော့ .....

“ အင်္ဂလန်သားများ ခင်ဗျာ...၊
ပြင်သစ်လူမျိုးဖြစ်နေတာကြောင့် ကျနော့်ကို ခင်ဗျားတို့
သတ်ချင်နေကြတယ်ဆိုတာကို ကျနော်သိပါတယ်။
တစ်ခုပဲပြောချင်ပါတယ်။
အင်္ဂလိပ်လူမျိုးအဖြစ်နဲ့ မွေးမလာအောင်
ကျနော့်ကို
ဘုရားသခင်က ဒဏ်ခတ်ခဲ့ပြီးဖြစ်ပါတယ်။
ဒါနဲ့တင် မလုံလောက်သေးဘူးလားခင်ဗျာ....”


မီးကိုရေနဲ့ငြိမ်းသတ်လိုက်သလို ဖြစ်သွားပါတယ်။
လူအုပ်ကြီးထံက
ဒေါသသံများပျောက်ကွယ်သွားပြီး
ကြိုဆိုနှုတ်ဆက်သံများပေါ်ထွက်လာပါတယ်။
ဒီတော့မှ
ဗော်လ်တိုင်းယားဟာလည်း သွားလိုရာ သွားနိုင်ပါတော့တယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com