Friday, October 8, 2010

“ တီထွင်ဖန်တီးမှု စွမ်းရည်…”




နံပါတ် ရှစ်ရဲ့ တစ်ဝက်ဟာ ဘယ်လောက်လဲလို့

တစ်ဦးဦးကမေးခဲ့ရင် သင်ဘယ်လိုဖြေမလဲ

(ပုံမှန်အဖြေကတော့ လေး လို့ဖြေကြပါလိမ့်မယ်။)


အဖြေက သုညဖြစ်တယ်လို့ ပြောရင်

အဓိပ္ပာယ်မရှိတဲ့ အဖြေလို့ ထင်စရာရှိပါတယ်။

ဒါပေမယ့် အဓိပ္ပာယ်မရှိလိုက်တာလို့ မပြောလိုက်ပါနဲ့ဦး။

ခဏစဉ်းစားကြည့်ပါဦး။

နံပါတ်ရှစ်ကို စဉ်းစားကြည့်ပါ။

(အင်္ဂလိပ် ဂဏန်း{ 8 }ကို စဉ်းစားကြည့်ပါ)

{ 8 }ဂဏန်းဟာ{ 0 }နှစ်လုံးထိထားခြင်းဖြစ်ပါတယ်။

{ 0 }တစ်လုံးအပေါ် အခြား{ 0 }တစ်လုံးကို တင်ထားခြင်းဖြစ်ပါတယ်။

ဒါကြောင့် တစ်ဝက်မှာ{ 0 } ဖြစ်တယ်လို့ဆိုရင် မမှားပါ။


နောက်တစ်နည်း စဉ်းစားကြည့်ရအောင်လား။


{ 8 } ဂဏန်းကို အလယ်တည့်တည့်မှ ဒေါင်လိုက်ခွဲကြည့်ပါ။

အချင်းချင်း မျက်နှာချင်းဆိုင်နေတဲ့ အင်္ဂလိပ်ဂဏန်း { 3 }နှစ်ခု ရလာပါလိမ့်မယ်။

အဲဒီအမြင်ရှု့ထောင့်မှ ကြည့်ပြန်ရင်း { 8 }ရဲ့တစ်ဝက်မှာ 3ဖြစ်နေပြန်ပါတယ်။


ကြည့်နေကျ ကိစ္စတစ်ခုကို အမြင်သစ်ဖြင့် ကြည့် လိုက်ပါ။

မြင်နေကျ ကိစ္စတွေကို ခြားနားတဲ့ အမြင်ဖြင့် မြင်ကြည့် လိုက်ပါ။

ကျနော်တို့ဟာ ဆန်းသစ်တဲ့ တွေ့ရှိချက်အမျိုးမျိုးကို တွေ့မြင်လာပါလိမ့်မယ်။

အရိုးစွဲနေတဲ့ အမြင်ဟောင်း၊အမြင်ရိုးတွေကို

အမြင်သစ်၊ ဆန်းသစ်တဲ့အမြင်များဖြင့် မြင်နိုင်ပါလိမ့်မယ်။

စိတ်ကူးဟောင်း၊ အမြင်ဟောင်းများကို

ဆန်းသစ်တဲ့ ပေါင်းစပ်မှု နှင့် ပေါင်းစပ်ကြည့်နိုင်ပါတယ်။

အဲဒီလို ပေါင်းစပ်တီထွင်လိုက်ခြင်းအားဖြင့်

အရင်တုန်းက မရှိခဲ့သေးတဲ့ အသစ်အဆန်းတွေ ရရှိလာပါလိမ့်မယ်။



No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com